အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,664
လွန်ခဲ့သော ၄ နှစ် က · တောင်တွင်းကြီး

အညာဒေသက စိုက်ပျိုးရေးစိတ်ဝင်စားလာသူ တစ်ယောက်ပါ... ခေတ်မပျက်ခင်က စိုက်ပျိုးရေးကို သိပ်ပီးစိတ်မဝင်စားခဲ့ပါဘူး.....

အညာဒေသက စိုက်ပျိုးရေးစိတ်ဝင်စားလာသူ တစ်ယောက်ပါ... ခေတ်မပျက်ခင်က စိုက်ပျိုးရေးကို သိပ်ပီးစိတ်မဝင်စားခဲ့ပါဘူး.. ခေတ်ပျက်တော့ ရွာပြန်ရောက် ထိုင်စားနေလို့မဖြစ်လို့... စိုက်ပျိုးရေးကို ကောက်ရိုးမှိုစိုက်ခြင်းနဲ့ အစပြုခဲ့ပါတယ် ပင်ပန်းတာရယ် မကျွမ်းကျင်တာရယ်ကြောင့် ငွေနှင်းမှိုကို စီးပွားဖြစ်စခဲ့ပါတယ်... အဆင်ပြေမယ်ရှိသေး.... အညာနွေက ပူလွန်းတော့ မှိုမလှတာရယ် နယ်မြို့လေးဖြစ်လို့ နွေမှာ စျေးကျတာကြောင့် ခန နားထားပါတယ် စိုက်ပျိုးရေးမှာ မတူညီတဲ့ အပင်သုံးလေးမျိုး စိုက်ပါလို့ လူကြီးသူမတွေရဲ့ ဆုံးမမှုနဲ့အတူ.... ကွမ်းရွက်ပင်ကို စစိုက်နေပါတယ်... ဒီချိန် ကွမ်းနုဝါအညွန့်တွေဝယ်မရတာကြောင့် အောက်ပိုင်းကွမ်းကို စိုက်ထားပါတယ်.... အညွန့်စျေးက အရမ်းကွာလွန်းတာကြောင့် အောက်ပိုင်းကွမ်းစိုက်ဖို့ကိုပဲ အားသန်နေမိပါတယ်.... ကွမ်းနုဝါပေါတဲ့ အညာဘက်မှာ အောက်ပိုင်းကွမ်း (ကွမ်းစိမ်း) စိုက်လို့ အဆင်ပြေပါ့မလား.... စျေးကွက်ကရော အဆင်ပြေပါ့မလား..... ကျွန်တော်တို့ရွာဘက်အနီးအနားမှာတော့ ကွမ်းခြံမရှိပါ...... စာရှည်သွားရင် sorry ပါဗျ......

စိုက်ပျိုးစီးပွား ကွမ်း

ဖြေကြားချက် ၅ ခု

260,000 လွန်ခဲ့သော ၄ နှစ် က

တောင်းပန်ပါတယ်ခင်ဗျာ။ ဒေသအလိုက် ကွာခြားတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဘက်မာ ဘယ်နစ်ဧက စိုက်စိုက် လက်မလန်အောင်ရောင်းရလို့ အကြံပေးတာပါခင်ဗျာ။

3,664 လွန်ခဲ့သော ၄ နှစ် က

ကောက်ရိုးမှိုက စိုပ်ရတာ ပင်ပန်းပြီး အရူံးများလို့ပါ

260,000 လွန်ခဲ့သော ၄ နှစ် က

ကောက်ရိုးမိူက စိုက်ရလွယ်ကဴပြီး၊ စျေးကွက်ခိုင်မာတဲ့ အပင်ပါခင်ဗျာ။ အဆင်ပြေပါစေ။

260,000 လွန်ခဲ့သော ၄ နှစ် က

စျေးကွက်က ကွမ်းနုဝါစျေးက ပိုအဆင်ပြေမယ်ထင်ပါတယ်။ အခြားတစ်ခုခုစိုက်ချင်တယ်ဆိုရင်တော့ ကောက်ရိုးမိူ အကြံပြုချင်ပါတယ်။

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

မစိုက်ရ​သေးဘူး.ဆိုရင်​တော့ ကွမ်းစိမ်း အစား၊ ကွမ်းနုဝါကို အကြံပြုချင်ပါတယ်။စျေးကွက်မှာအခက်​တွေ့နိုင်ပါတယ်။ သို့မဟုတ် ကွမ်းနုဝါလည်းမဟုတ်တဲ့.. ကွမ်းစိမ်း(ကွမ်းကြမ်း)လည်းမ ဟုတ်တဲ့.ဟင်္သာတကွမ်းမျိုးရှိပါတယ်။ရောဂါဒဏ်လည်းခံတယ်။အထွက်နုန်းလည်း​ကောင်းတယ်။ မုံရွာမြို့က. ဦးဝင်းနိုင်(ကွမ်းစိုက်ပျိုးရေး) ထံ ဆက်သွယ်ပါ။အိမ်တိုင်ယာ​ရောက်စိုက်​ပေးပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဘော်ဒိုဆေးရည်က စာအုပ်စင် ကဏ္ဍမှာ 1:1:100 နဲ့ ကွမ်းစိုက်နည်းမှာ ပျိုးထောင်တဲ့အခါ 1:1:10 သုံးပါလို့ တွေ့ရပါတယ်.....

ဖြေကြားချက် 3 ခု

emလုပ်ရာမှာသုံးတဲ့အသီးသုံးမျိုးနေရာမှာဘယ်လိုအသီးတွေရလည်းသိချင်ပါတယ် နောက်ပီးဂွေးချိုသီးနဲ့ရဲရိုသီးလည်းရလားလို့...

ဖြေကြားချက် 9 ခု

ငါးအမိုင္နိုလုပ်ပီး၃ ၄ရက်ကြာမှကုန်ကြမ်းအသစ်တေရလို့ထပ်ပေါင်းထည့်တာမျိုးတွေလုပ်လို့ရလားဗျ

ဖြေကြားချက် 5 ခု

ကွမ်းညွန့်ကို ယနေ့ဖြတ်.... ၃ ရက်လောက်ကြာမှ စိုက်မယ်ဆို အပင်ရှင်နိုင်ခြေ ဘယ်လောက်လောက်ရှိမလဲဗျ........ ဥပမာ- ၁၀...

ဖြေကြားချက် 3 ခု

မြန်မာနိုင်ငံကြီး ကျိန်စာသင့်နေသလားဗျာ... ရခဲ့တဲ့ ဘွဲ့လက်မှတ်တွေက လစာ ၂သိန်း တောင် မရချင်.. ဟိုသင်တန်းလေး တက်...

ဖြေကြားချက် 6 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။