အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လမြတ်ဝါဆို
လွန်ခဲ့သော ၈ နှစ် က · ပန်းတနော်

လျှော်ဖြူပင်ကို ပဲခူးတိုင်းတောင်ပေါ်ဒေသတွင် စိုက်လို့ရလားခင်ဗျ ဘယ်လိုမြေအမျိုးအစားမှာ စိုက်လို့ရလည်း တစ်ဧက အပင်ဘယ်လောက်စိုက်ရလဲ တစ်ဧ ကုန်ကျစရိတ်နုန်းက ဘယ်လောက်ရှိနိုင်လဲခင်ဗျ

စိုက်ပျိုးနည်း လျှော်ဖြူ
Post image
1

ဖြေကြားချက် ၁ ခု

အမည်မသိ
အမည်မသိ လွန်ခဲ့သော ၈ နှစ် က

လျော်ဖြူသည် အပင်ဖြစ်ထွန်းရန်အတွက် ခက်ခဲမှု မရှိနိုင်သော်လည်း အစေးထွက်ရှိရန် အစေးထုတ်ယူရန်မှာ အရေးကြီးပါတယ်။ လျော်ဖြူအစေး ထွက်ရှိရန် အဓိက မိတ်ဘက်ရာသီဥတုမှာ ပူအိုက်စွတ်စိုသော အခြေအနေရှိရန် လိုအပ်ပြီး လျော်ဖြူ ထုတ်ယူချိန်တွင် လေပြင်းတိုက်ခြင်း၊ မိုးရွာသွန်းခြင်း တို့ကြောင့် အစေးထုတ်ယူမှုတွင် ယုတ်လျော့ခြင်း ပျက်စီးခြင်းများ ဖြစ်ပေါ်စေ၍ ထိုကာလများအား ရှောင်လွဲသင့်ပါတယ်။ ယေဘုယျအနေဖြင့် အလွန်အေးသောရာသီဥတု ရှိသော ဒေသများနှင့် တစ်နှစ်ပါတ်လုံးမိုးရွာသွန်းသော မိုးအလွန်များသော ဒေသများတွင် မစိုက်ပျိုးသင့်ဟုအကြမ်းဖျဉ်း ဆို၍ရပါမည်။ မြန်မာနိုင်ငံအတွင်းရှိ ထိုကဲ့သို့သော ဒေသများသည် အပင်ဖြစ်ထွန်း နိုင်သော်လည်း အစေးထုတ်ယူချိန်တွင် အခက်အခဲများစွာ ကြုံတွေ့နိုင်ပါတယ်။လက်ရှိ လျော်ဖြူစိုက်ပျိုးနေသူ လေ့လာနေကြသူ အများစုကတော့ အောက်မြန်မာပြည်တွင် လျော်ဖြူမစိုက်သင့်ဟုပင် လက်ခံယုံကြည်နေကြပါတယ်။ လျှော်ဖြူစိုက်ပျိုးခြင်းနဲ့ပတ်သတ်တဲ့ ရေမြေရာသီဥတုအခြေအနေအပြည့်အစုံကို အောက်ပါLinkများတွင် ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ့။ https://greenwaymyanmar.com/posts/wile-almone-tree-and-weather

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။