အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,664
လွန်ခဲ့သော ၄ နှစ် က · တောင်တွင်းကြီး

ကွမ်းညွန့်ကို ယနေ့ဖြတ်.... ၃ ရက်လောက်ကြာမှ စိုက်မယ်ဆို အပင်ရှင်နိုင်ခြေ ဘယ်လောက်လောက်ရှိမလဲဗျ........ ဥပမာ- ၁၀...

ကွမ်းညွန့်ကို ယနေ့ဖြတ်.... ၃ ရက်လောက်ကြာမှ စိုက်မယ်ဆို အပင်ရှင်နိုင်ခြေ ဘယ်လောက်လောက်ရှိမလဲဗျ........ ဥပမာ- ၁၀ ရက်နေ့ ဖြတ်လိုက်တဲ့ ကွမ်းညွန့်ကို ကားနှစ်ဆင့်တင်ရပါတယ် ခရီးက ဝေးလွန်းတာကြောင့်...၁၂ ရက်နေ့ မနက်မှ ရောက်ပါတယ်...ရောက်တာနဲ့ လန်းအောင် ရေစိမ်ဖြန်းပြီး စိုက်ပါတယ်.... ခြောက်တဲ့ အညွန့်တွေက ခြောက်ကုန်လို့ ပြီးတော့ ပြန်လန်းလာဖိူ့ ရက်ကြာနေလို့ပါ..... အနီးအနားမှာ ကွမ်းညွန့်ရှာရခတ်လို့...အဝေးကမှာရတာပါဗျ

စိုက်ပျိုးနည်း ကွမ်း

ဖြေကြားချက် ၃ ခု

260,000 လွန်ခဲ့သော ၄ နှစ် က

အရိပ်ကောင်းကောင်း လုပ်ပေးပါခင်ဗျာ။ အပင်မလန်ခင် ပိုပြီး အရိပ်ကောင်းအောင် ပြုလုပ်ပေးပါခင်ဗျာ။ ရေသွင်း၊ ရေထုတ် မန်ပါစေ။ အစိုဓာတ်နည်းခြင်း၊ ရေဝပ်ခြင်း လုံးဝမဖြစ်ပါစေနဲ့ ခင်ဗျာ။ အပင်သက်ငယ်စဥ် သေသေချာချာ ဂရုစိုက်ပေးဖို့ လိုပါတယ်နော်။ အဆင်ပြေပါစေ။

3,664 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့ပါဗျ.. fb gp တွေမှာ သူများတွေရဲ့ ကွမ်း ၁လသားက အတော်ကြည့်လို့လှနေချိန် ကျွန်တော့် ကွမ်း ၁ လသားက နွမ်းလို့ ကောင်းတုန်းရှိနေလို့ပါ.. ဒီတစ်ခါ စိုက်ရင်တော့ ဆေးစိမ်စိုက်မယ်ဗျာ

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

ကွမ်းညွန့်အရမ်းနု​နေရင်​တေရှင်နိုင်​ခြေနည်း​ပေမယ့် သာမန် ညှိုးရုံမ​သေပါဘူးခင်ဗျမြေကြီးထဲ မြှုပ်တဲ့ ၃ဆစ်၊စိမ်း​နေရင် အတက်ထွက်ပါတယ်။ အရိပ်အမိုးလုပ်​ပေးပါမနက်တကြိမ်၊ည​နေတကြိမ်ရေဖျန်း​ပေးပါ။

You

ဆက်စပ်မေးခွန်းများ

အညာဒေသက စိုက်ပျိုးရေးစိတ်ဝင်စားလာသူ တစ်ယောက်ပါ... ခေတ်မပျက်ခင်က စိုက်ပျိုးရေးကို သိပ်ပီးစိတ်မဝင်စားခဲ့ပါဘူး.....

ဖြေကြားချက် 5 ခု

ဘော်ဒိုဆေးရည်က စာအုပ်စင် ကဏ္ဍမှာ 1:1:100 နဲ့ ကွမ်းစိုက်နည်းမှာ ပျိုးထောင်တဲ့အခါ 1:1:10 သုံးပါလို့ တွေ့ရပါတယ်.....

ဖြေကြားချက် 3 ခု

emလုပ်ရာမှာသုံးတဲ့အသီးသုံးမျိုးနေရာမှာဘယ်လိုအသီးတွေရလည်းသိချင်ပါတယ် နောက်ပီးဂွေးချိုသီးနဲ့ရဲရိုသီးလည်းရလားလို့...

ဖြေကြားချက် 9 ခု

မြန်မာနိုင်ငံကြီး ကျိန်စာသင့်နေသလားဗျာ... ရခဲ့တဲ့ ဘွဲ့လက်မှတ်တွေက လစာ ၂သိန်း တောင် မရချင်.. ဟိုသင်တန်းလေး တက်...

ဖြေကြားချက် 6 ခု

ကွမ်း အရွက်တွေကဝါထိန်နေလို့ပါ ဘာဆေးသုံးသင့်လဲ ကူညီပါဦး ခင်ဗျာ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။