မရမ်းပက်စိုက်မလို့ အစေ့ဘယ်လိုပျိူးရမလဲမသိလို့ နည်းလေးပြောပြပါအုန်း Please
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
အစေ့ကို တိုက်ရိုက်ပျိုးရင်ကြာတတ်လို့.. အခွံခွာပြီး ပြာလူး ပျိုးပါ။ သရက်အစေ့ ပျိုးသလိုပါဘဲ။ ပျိုးအိတ်ထဲထည့်ပြီးေနာက်ပိုင်း ၊လိုအပ်တဲ့ အစိုဓါတ်၊အရိပ်အမိုးပါးပါးပြုလုပ်ပေးပါ။ ပိုးမွှားရောဂါမကျရောက်အောင်ပြုစုစောင့်ရှောက်ရပါမယ်။ ပျိုးသက်တနှစ်လောက်ကြာမှာဖြစ်လို့၊စိတ်ရှည်လက်ရှည်ဂရုစိုက်ဖို့အရေးကြီးပါတယ်။
မရမ်းက ပျိုးနည်းမခက်ပေမဲ့ အချိန်အတန်ကြာတဲ့အထိ အပင်မပေါက်တဲ့အခါ မပေါက်နိုင်တော့ဟု ယူဆမရပါ။ ပျိုးချိန် တစ်ခါတစ်ရန် ကြာတက်ပါတယ်။ ပျိုးမြေဆက်နည်းကတော့ သဲမြေ ၂ ဆ + ဖွဲပြာ ၁ ဆ + နွားချေးမုန့် ၁ ဆ ရောပြီး သာမန် အစိုဓာတ်လေးပေးပြီး ပျိုးနိုင်ပါတယ်ခင်ဗျာ။ ပျိုးဘောင် (သို့) ပျိုးအိတ်ကို ကောက်ရိုး အုပ်ပေးထားပါ၊ ဒါဆိုရပါပြီခင်ဗျာ။ အဆင်ပြေပါစေ။
ဆက်စပ်မေးခွန်းများ
မရမ်းပင်ကကိုင်းကူးလို့ရလာ ရတယ်ဆိုရင်ကူးနည်းလေးသိပါရစေ
ဖြေကြားချက် 1 ခု
မရမ်းသီးစောစောသီးအောင်ဘယ်လိုလုပ်ရလဲ
ဖြေကြားချက် 1 ခု
မရမ်းကို ဘယ်လိုပျိုးထောင်ရလဲ သိတဲ့ဆရာများ ကျော်မသွားကြပါ နဲနော်
ဖြေကြားချက် 1 ခု
မရမ်းပင်ကိုင်းကူးပြီးစပျိုးနေပါတယ်ပဲခူးတိုင်းအနောက်ကပါကဘယ်တိုင်းဘယ်မြို့နယ်မှာစျေးကွက်လေးရှိတယ်ဆိုတာသိချင်ပါ...
ဖြေကြားချက် 2 ခု
မရမ်းပင်ကိုင်းကူးစပြီးစိုက်ပျိုးနေပါတယ်မရမ်းသီးစျေးကွက်လေးသိချင်တာပါဘယ်မြို့နယ်လေးတွေမှာတင်ပို့ရောင်းချလို့ရလဲ...
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။