အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
18,513
လွန်ခဲ့သော ၄ နှစ် က · ကျောက်တံခါး

ကြက်ချေး နွား ချေးတွေကမြေဆွေးလုပ်တဲနေရာမာ CလားN လားဗျ လွှစာ ပဲမှော် ကောက်ရိုး တွေ ကကော C လား N လား ရှင်းပြပေး...

ကြက်ချေး နွား ချေးတွေကမြေဆွေးလုပ်တဲနေရာမာ CလားN လားဗျ လွှစာ ပဲမှော် ကောက်ရိုး တွေ ကကော C လား N လား ရှင်းပြပေးပါဗျCN=30အချိုး1ဆိုတာရှင်းပြပေးပါဗျ

ဖြေကြားချက် ၅ ခု

260,000 လွန်ခဲ့သော ၄ နှစ် က

အရင်တစ်ခါ မေးခဲ့တုန်းက မြေဆွေးကို ကြက်ချေးက အိတ် ၁၀၀ နဲ့ လွစာ အိပ် ၅၀ ထည့်တယ်လို့ ပြောထားတာတွေ့ပါတယ်ခင်ဗျာ။ လွစာကို အိပ် ၅၀လောက်ထပ်လိုက်ပေးပါခင်ဗျာ။ အဆင်ပြေပါစေ။

260,000 လွန်ခဲ့သော ၄ နှစ် က

ကာဗ်န်ရဲ့ အကျိုးကျေးဇူးတွေက - သီးနှံအထွက်နှုန်းကိုတိုးစေသည်။ - မြေဆီလွှာမြေသားအနေအထားကို ကောင်းမွန်စေသည်။ - မြေဆီလွှာ၏ သြဇာပိုထက်သန်လာစေသည်။ - မြေဆီလွှာအတွင်းသို့ ရေစိမ့်ဝင်ခြင်းကို ပိုမိုကောင်းမွန်စေသည်။ - မြေဆီလွှာ၏ မျက်နှာပြင်မှရေများ မျောပါစီးဆင်းခြင်း၊ မြေမျက်နှာပြင်မှ ရေငွေ့ဆုံးပါးခြင်း၊ မြေသားအနက်ဘက်ဆီသို့ စိမ့်ယိုခြင်းကို ကာကွယ်ပေးခြင်းတို့ကြောင့် ရေအသုံးချရမှုတွင် ပို၍ အဆင်ပြေစေသည်။ - မြေဆီလွှာအတွင်း အပင်အတွက် အာဟာရများလည်ပတ်ခြင်းနှင့် အပင်များက ရယူစာသောက်ခြင်းကို အထောက်အကူဖြစ်စေသည်။ - သီးနှံပင်အတွက် အဓိကအာဟာရများဖြစ်စေသော နိုက်ထရိုဂျင် N နှင့် ဖော့စပရပ်(စ်) P လိုအပ်မှုကို လျော့နည်းစေတယ်ခင်ဗျာ။ နိုက်ထရိုဂျင်ကတော့ အားလုံးသိပြီးသားမို့ မဖော်ပြတော့ပါဘူးခင်ဗျာ။ အဆင်ပြေပါစေ။

260,000 လွန်ခဲ့သော ၄ နှစ် က

လွယ်လွယ်နားလည်အောင်ပြောရရင်တော့ သစ်ရွက်ခြောက်၊ သစ်သားဆွေး၊ လွစာ၊ ကောက်ရိုး စသော သစ်ဆွေးဓာတ်ကြွယ်ဝတဲ့ အရာတွေ အညိုရောင် အရွက်ခြောက်တွေမာ ကာဗွန် ဓာတ်ပါဝင်မူ့ များပါတယ်ခင်ဗျာ။ နွားချေး၊ ကြက်ချေး၊ သစ်၇ွက်စိမ်း စတာတွေကတော့ နိုက်ထရိုဂျင်ဓာတ်ပေါများပြီး အရွက်ကို အားပေးပါတယ်ခင်ဗျာ။ ဒါကြောင့် ဘိုကာချီတို့ အခြားမြေဆွေးတို့ ပြုလုပ်ရာတွင် တိရိစ္ဆာန် အညစ်ကျေးနဲ့ ကာဗွန်ပါဝင်မူများတဲ့ စပါးခွံ၊ လွစာ တို့ကို အချိုးတူထည့်လေ့ရိတာ အားလုံးအသိပါခင်ဗျာ။

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

နောက်တခကြက်​ချေး၊နွား​ချေးက cလား?Nလား? ဆိုရာမှာ.ရော​နေပါတယ်။ တကယ်လည်း နှစ်ခုစလုံးပါပါတယ်၊ratioအချိုးကွာတာပါ။ ဥပမာ.နွား​ချေးမှာ(5:1)ပါတယ်ဝက်​ချေး(6:1) စပါးခွံ(300:1) သစ်ရွက်​ခြောက်(60:1) မြက်စို(15:1) စသဖြင့် ပါပါတယ်။ဆို​တော့ကား... ကိုယ်လိုချင်တဲ့..30:1ရ​အောင် ဘယ်အရာဘယ်​လောက်ထည့်ရမလဲ..ခန့်မှန်းတွက်ချက်ပီး ထည့်ရတာပါ။ တိတိကျကျ. မလိုအပ်ဘူးလို့ထင်ပါတယ်။ မရှင်း​သေးလို့၊လိုအပ်ရင်အကျယ်​ရေး​ပေးပါ့မယ်။

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

နားလည်သလို ရှင်းပြပါမယ် မရှင်းရငမေးခွန်းထပ်​မေးပါဗျ။ Cဆိုတဲ့ ကာဗွန်ကမြေဆွေး. ရဲ့ စွမ်းအားမြင့်ဖို့ ထည့်ရပါတယ်။ Nဆိုတဲ့နိုက်ထြိုဂျင်က အနုဇီဝေ​ေတွအတွက် ပရိုတိန်း ဓါတ် ပွားများရာမှာ အသုံးချဖို့ ထည့်ရပါတယ်။ ဒါက, Cနဲ့Nရဲ့လုပ်​ဆောင်ချက်ပါ။

You

ဆက်စပ်မေးခွန်းများ

ကြက်ချေးအိတ်100လွှစာအိတ်50ကို ကိုရွက်15အိတ် EMအပြင်းနဲ မြေဆွေပုံလုပ် ထားတာ လောက်ကောင်တွေ ထွက် လာ လိ​ု ဗျ C.Nအ...

ဖြေကြားချက် 4 ခု

ဒီ အစိမ်းရောင်လမ်းထဲမှာ သဘာဝမြေသြဇာပြုလုပ်နည်းရှိလားဗျ juice fertilizer ပြုလုပ်နည်းသိချင်လို့

ဖြေကြားချက် 7 ခု

၁)ငါးအမိုင်နို နဲ့ ၂)စူပါဘိုကာရှိ(ဖွဲနု (၅ တင်း)၊ နွားချေး (၅ တင်း)၊ စပါးခွံ (၅ တင်း)၊ အသင့်သုံးအီးအမ် (အဏုဇီဝ...

ဖြေကြားချက် 1 ခု

မြေဆွေးလုပ်တဲ့အခါ Emဖြန်းမဲ့နေရာမှာ ငါးအမိုင်နိုနဲ့ အစားထိုးဖြန်းလို့ရလားဗျ မြေဆွေးဖြစ်မှု အချိန်ကာလာကရော ကွာ...

ဖြေကြားချက် 3 ခု

ဓာတုမြေသြဇာတွေစျေးကြီးနေလို စပါးကိုရွက်ဖျန်းဆေးတွေနဲသုံးလိုရလားခင်ဗျားရရင်လဲဘယ်လိုရွက်ဖျန်းဆေးတွေသုံးသင့်လဲပညာ...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။