အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Mee ngel
Mee ngel 11
လွန်ခဲ့သော ၄ နှစ် က · ထားဝယ်

ဘူးသီးက နည်းနည်းကြီးလာတာနဲ့ ဘူးသီးထဲ လောက်ကောက်တောင် ထွက်လာပီး ပုတ်လာတယ် ဘယ်လိုလုပ်ရမလဲ အကြံပေးပါ

ပိုးမွှားရောဂါ ဘူး

ဖြေကြားချက် ၃ ခု

Agriculturalist K.S
Agriculturalist K.S 260,000 လွန်ခဲ့သော ၄ နှစ် က

ရိုးရိုးပုပ်တာမျိုး ဆိုရင်တော့ မြေဆီအကျွေးများခြင်း၊ နည်းခြင်း၊ ဝတ်မုန်ကူးမအောင်မြင်ခြင်း၊ ရေဝပ်တာ စသည်တို့ကြောင့် ဖြစ်တက်ပါတယ်ခင်ဗျာ။ အသီးထဲကလောက်လိုအကောင်လေးတွေထွက် အပေါက်လေးတွေတွေတာမျိုး ဆိုရင်တော့ အသီးထိုးပိုးကြောင့်လို့ ယူဆရပါတယ်ခင်၊ဗျာ။ သေချာအောင် ဓာတ်ပုံလေး ရိုက်ပေးနိုင်ပါက ပိုကောင်းပါတယ်ခင်ဗျာ။

Thar Po
Thar Po အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

ဘူးသီး၊ဖရုံ၊မျိုးနွယ်​တွေမှာ မကြာခဏေတွ့ရတတ်တဲ့အသီးကင်းပုပ်​ရောဂါတခုပါ။အ​ကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။မိှု​ရောဂါဝင်လို့ဖြစ်တာရှိသလို... အာဟာရချို့တဲ့လို့/ယူရီးယား(နိုက်ထြိုဂျင်) များလို့ ဖြစ်တာလဲရှိပါတယ်။ အပွင့်ပွင့်စဥ်မှာ အဖိုဝတ်မှုံရရှိမှုမလုံ​လောက်တာ(ဝတ်မှုံကူမှုမ​အောင်မြင်)လည်းရှိပါတယ်။နောက်ပြီး..အပွင့် ထဲရေဝင်တာ/ မိုးမိတာ စသဖြင့် အသီးကင်းပုပ်​စေအ​ကြောင်းအချက်​တွေ များပါတယ်။လောက်​ကောငက​တော့ ပုပ်ပြီးမှနောက်ဆက်တွဲ ဝင်လာတာပါ။ ဝတ်မှုံကူးချိန် နံနက်ပိုင်းမှာ အဖိုပွင့်က ဝတ်မှုံကို အမပွင့်ဝတ်ဆံ​ပေါ် လူကကူး​ပေးရပါတယ်။ဂွမ်းစ/နားကြပ်တစတာ​တွေနဲ့ တို့ပြီးကူ​ပေးရပါတယ်၊ အသီးကြီးမှ ဖင်ပုပ်ရင်.. ကယ်လစီယမ် ပါတဲ့အရွက်ဖျန်းအား​ဆေး​ဖျန်း​ပေးရပါတယ်အပင်​ခြေကို ဂျစ်ဆမ်ကျွေး​ပေးပါ။

kok
kok 176 လွန်ခဲ့သော ၄ နှစ် က

အတူတူပါဘဲ ဘယျလိုလူပျရမလဲ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။