အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၂ ခု

1,044 လွန်ခဲ့သော ၄ နှစ် က

VOAဒို့ခေတ်လယ်ယာအစီအစဉ်ကိုရိုက်နှိပ်ရှာကြည့်ပါ

260,000 လွန်ခဲ့သော ၄ နှစ် က

EM ပြုလုပ်နည်း အမျိုးမျိုး ယခုခေတ်၌ EM ဖျော်ရည်ကို မြေဆွေးပြုလုပ်ရာတွင်းလည်းကောင်း၊ သဘာဝမြေသြဇာရည် ပြုလုပ်ရာတွင်လည်းကောင်း၊ မွေးမြူရေးတွင်လည်းကောင်း၊ အနံဆိုးများ ဖယ်ပျောက်ရာတွင်လည်းကောင်း တွင်ကျယ်စွာ အသုံးပြုကြလေသည်။ EM ဖျော်ရည်ကို အလွယ်ဝယ်ယူနိုင်သော်လည်း အကြီးအကျယ် စိုက်ပျိုးရေးကို တစ်ကယ်လုပ်တော့မည်ဆိုလျင် ကိုယ်တိုင်ပြုလုပ်သုံးစွဲမ တွက်ချေကိုက်ပေလိမ့်မည်။ EM ကို နည်းပေါင်းများစွာဖြင့် ပြုလုပ်နိုင်သည်။ တစ်မျိုးနဲ့တစ်မျိုး ပါဝင်ပစ္စည်း မတူသည့်အတွက် အာနိသင်ကွာခြားမူ အနည်းငယ် ရိသည်။ ပထမနည်း ပါဝင်ပစ္စည်းများ (၁) သင်္ဘောသီး = ၅၀ သား ဝန်းကျင် (၂) ငှက်ပျောသီး = ၅၀ သား ဝန်းကျင် (၃) ရွှေဖရုံသီး = ၅၀ သား ဝန်းကျင် (၄) ကြက်ဥ = ၃-လုံး (၇) ဖွဲနု = ၁- ပိဿာ (၈) တင်လဲရည် = ၂ ပိဿာ (၉) ရေ = ၅လီတာ ဝန်းကျင် (၁၀) ရေ ၈ ဂါလံဆန့် ပလပ်စတစ်ပုံး (သို့) စဥ့်အိုး ပြုလုပ်နည်းအဆင့်ဆင့် ငှက်ပျေားသီး၊ သင်္ဘောသီး၊ ရွေဖရုံသီး၊ တို့ကို ဓါးဖြင့်ပါးပါးလှီးပါ။(အမှည့်ဖြစ်ရမည်။) အခွံများပါ ထည့်ရမည်။ အသီးများကို ရေမဆေးရပါ။ အသီးတွင်ကပ်နေသော အကျိုးပြုပိုးများကို ရေနဲ့ ဆေးလိုက်သလို ဖြစ်တက်သည်။ ပြီးနောက် ပါဝင်ပစ္စည်းအားလုံး ထည့်ပါ။ ပလက်စတစ်အိတ်အကြည်ဖြင့် လုံအောင်အုပ်၍ စီးထားပါ။ အိုးကို အရိပ်ရဲ့ အေးသောနေရာ၌ ထားပေးပါ။ ၂ရက်တစ်ခါ အိုးကို ဖွင့်ပြီး မွေပေးပါ။ ၁ပတ်၊ ၂ပတ်ကြာသော် အဖြူရောင်မှိုများ အနည်းငယ် တက်နေလိမ့်မည်။ ၁၅ ရက်ခန့်ဆို ပိတ်ပါးစဖြင့် စစ်ယူပြီး ဘူးတစ်ဘူးထဲ ထည့်ထားပါ။ ၄င်း EM ပျော်ရည်သည်၆ လ ကျော်သွားပါက အာနိသင် နည်းသွားတက်သည်။ ထိုနည်းသည် ပါဝင်ပစ္စည်း များသော်လည်း မိမိပတ်ဝန်းကျင်၌ အလွယ်ရနိုင်သောပစ္စည်းများနဲ့ လုပ်နည်းဖြစ်သည်။ ဒုတိယနည်း ပါဝင်ပစ္စည်းများ (၁) ဝါးရုံမြေအောက် မြေကြီး = ၅ ကျပ်သား (၂) လက်ဆက်သောနွားသေး = ၁ လီတာ (၃) လက်ဆက်သောနွားချေး = ၆၀ သား (၄) ပဲစိမ်း = ၁၅ ကျပ်သား (၅) တင်လဲရည် = ၃၀ သား (၆) ရေ = ၄ ဂါလန် အထက်ပါ ပါဝင်ပစ္စည်းအားလုံးကို ရောမွေပြီး စဥ့်အိုးထဲ၌ ရက် ၃၀ခန့်ထားပါ။ အိုးအဖုံးလုံအောင် ပိတ်ရမည်။ ၂ ရက်တစ်ခါ အဖုံးဖွင့်ပြီး မွေပေးရမည်။ သတိပြုရန်အချက်သည် အိုး၏ တစ်ဝက်ခန့်ကို လေဟာနယ်ဖြစ်အောင် ထားပေးရမည်။ (အိုးကို ပြည့်နေအောင်မထည့်ပဲ တစ်ဝက်ခန့် လေဟာအဖြစ်ထားပေးရမည်။) အိုးကို အရိပ်ထဲ အေးပြီး ခြောက်သွေ့တဲ့ နေရာတွင် ထားရမည်။ ရက်ပြည့်လျင် ပိတ်ပါးနင့် စစ်ယူပြီး အလုံပိတ်ဘူးထဲ ထည့်ကာ သိုလောင်နိုင်သည်။ ထိုသို့ ပြုလုပ်ဖော်စပ်ခြင်းဖြင့်လည်း EM ကို ရနိုင်သည်။ ၄င်းနည်းသည် ပထမနည်းထက်စာရင် ကုန်ကျစရိတ် နည်းသော နည်းဖြစ်သည်။ တတိယနည်း ပါဝင်ပစ္စည်းများ (၁) အုန်းစိမ်းနုနုအရည် = ၄ လုံး (၂) ပဲငန်ပြာရည် = ၃ ဇွန်း (ထမင်းစားဇွန်း) (၃) နို့ချဥ်ရည် = ၃၀၀ စီစီ (၄) လော်စာတုံး = ၁ တုံး (သို့) yeast = ၂ ဇွန်း (ထမင်းစားဇွန်း) အားလုံးကိုရောပြီး အလုံပိတ်ဘူးထဲ ၇ရက်ခန့် ထားပေးပါ။ ၇ရက် ပြည့်လျင် အကျိုးပြုအဏုဇီဝဖျော်ရည် EM ဦးရည်ရပါပြီ။ ဦးရေကို ပြန်ပွားယူရပါမယ်။ သို့မသာ အကျိုးပြုအဏုဇီဝပျော်ရည် အမြောက်အမြား ရမည်ဖြစ်ပါတယ်။ ဦးရည် ၃ လီတာ၊ ရေ ၁၀ ဂါလန်၊ တင်လဲရည် ၃၀ သား၊ ပဲဆီ ၃၅၀ စီစီကို ပုံးတစ်ပုံးထဲ အဖုံးပိတ်ပြီး ၁၅ ရက်ခန့်ထားပါ။ အကျိုးပြုအဏုဇီဝပိုးတွေ အများအပြား ပွားနေသော EM ပျော်ရည်ကို ရပြီဖြစ်ပါတယ်။ ဒီနည်းကတော့ ပထမနည်း၊ ဒုတိယနည်း ထက်စာရင် ကုန်ကြမ်းနည်းသော နည်းဖြစ်ပါတယ်။ စတုတ္ထနည်း ပါဝင်ပစ္စည်းများ (၁) အုန်းသီးရင့်ရင့်အရည် = ၄လီတာ (၂) တင်လဲရည် = ၁ ပိသာ အုန်းရည်၊ တင်လဲရည်ကို ရောပြီး ပုံးထဲထည့်ပြီး အလုံပိတ်ထားပါ။ ရက် ၃၀ ပြည့်လျင် ရလာသောအရည်သည်လည်း EM ဖြစ်ပါတယ်။ ထိုနည်းတွင် နည်းအားလုံတွင် ကုန်ကြမ်းအနည်းဆုံး၊ အလွယ်ဆုံး နည်းတစ်နည်းဖြစ်သည်။ ဒါပေမဲ့ အထက်တွင် ပြောခဲ့သလို အာနိသင် ပြောင်းလဲမူတော့ ရိနိုင်ပါတယ်။ ရေးသားသူ - Agriculturalist K.S

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။