ဘာဖြစ်တာလဲဘာဆေးသုံးရမလဲဗျပြောပေးပါ
ရွက်ကိုက်ပိုးပါ။ ပိုးအမည်တိတိကျတျသိချင်ရင် ညဘက် မီးထွန်းရာကြည့်ပါခင်ဗျာ။ တမာ၊ ဆေးရွက်ကြီး ဆေးတစ်မျိုးမျိုးသုံးပေးပါ။ ရွက်စားပိုးအတွက် သဘာဝဆေးနဲ့တင် နိုင်ပါတယ်ခင်ဗျာ။ အဆင်ပြေပါစေ။
ငရုတ်မှာ အဓိကပြသနာ ဖြစ်နေတာက လှေး၊မွှား စုပ်စားပိုးပါ။ ရာသီဥတုက ပူရင် ပိုဆိုးပါတယ်။ အဖူးထဲ၊အညွန့်ထဲဝင်ပြီး အပူရှောင်ရင်း သစ်ရည်စုပ်ပါတယ်။ အညွန့်တွေ ကုပ်ပြီး အဖူးတွေ ကြွေတတ်ပါတယ်။ အဆီတာမီပရစ်(အဆက်-၂၀...)ဖျန်းပေးပါ။၅-၇ရက်ခြားပြီး ဖစ်ပရိုနေးအုပ်စု(ဒလိဂျင့်၊ပရိုနေး...) သိုင်ယာမီသိုဇင်(တင်းဒါး...)စသဖြင့် အလှည့်ကျဖျန်းပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဆရာတို့ ကျွန်တော့်ငရုတ်ပင်လေးတွေ၀ါနေလို့ပါ အဟာရချို့တ့ဲတာလား ဘာကြောင်င့်လည်းဗျ အသီးက လည်းနှစ်သီးဘဲခူးရသေးပါတယ်...
ဖြေကြားချက် 5 ခု
ဆရာတို့ ကျွန်တော်ငရုတ်တွေ စုတ်စားကြနေလို့ ဘာဆေးကောင်းလည်းဗျ လမ်ညွန်ပေးပါအုံး ဆေးဖိုးကသိပ်မတက်နိုင်လို့
ဖြေကြားချက် 2 ခု
ဆရာတို့ ကျွန်တော့်ငရုတ်ပင်း ပိုးကျပြီး အညွန့်တွေ ထွဏ်ကုန်တာ ပိုးတော့ကင်းသွားပြီ ပြန်ကောင်အောင်ဘယ်လိုလုပ်ရမလည်း...
ဖြေကြားချက် 5 ခု
ငရုပ်သီးပင်က ရွေ့စိုက်ပြီး အဖျားတွေ ဒီလို လိမ်ပြီးနွမ်းသွားတယ် ဘာ့ကြောင့်လဲဗျာ အကိုအမတို့ ဘာထည့်ရမလဲမသိလို့
ဖြေကြားချက် 6 ခု
အိမ်းမှာငရုတ်စိုက်တာမဖြစ်ထွန်းချင်ဘူးဘာဖြစ်တာလည်ဆရာတို့နူကုတ်နေတယ်ရွက်ဝါတွေထိုးတယ်ယင်ဖြူသတ်ဆေးမိူ့ဆေးကကာမိုင်...
ဖြေကြားချက် 7 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။