အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,245
လွန်ခဲ့သော ၄ နှစ် က · ကျောက်တံခါး

green way မှပညာရှင်များ စပါးရွေးချယ်ပေါင်းသတ်ဆေးအတွက် မြက်အမျိုးအစားနင့်အသုံးပြုနိုင်မဲ့ဆေးAiတွေတွဲပီးဖြေပေးစေ...

green way မှပညာရှင်များ စပါးရွေးချယ်ပေါင်းသတ်ဆေးအတွက် မြက်အမျိုးအစားနင့်အသုံးပြုနိုင်မဲ့ဆေးAiတွေတွဲပီးဖြေပေးစေချင်ပါတယ်မြက်မျိုးစုံအတွက်ပါကျေးဇူးပြုပီးဖြေပေးပါ

စိုက်ပျိုး ဗဟုသုတ စပါး စပါးပင်နှင့်ပေါင်းမြက်
4

ဖြေကြားချက် ၄ ခု

241 လွန်ခဲ့သော ၃ နှစ် က

ဪမ

825 လွန်ခဲ့သော ၄ နှစ် က

စပါးခင့်ထဲ့မှာ ဒေါင်းစပါးတွေရှိလို ဘာဆေးဖျနိရမလဲဆေးသိရင်ပြောပါနော်

2,245 လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးအများကြီးတင်ပါတယ်ဗျာ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၄ နှစ် က

1...fenoxaprop. p.ethyl ဒေါင်းမြီးပျံ ၊ဆစ်​ထောက်မြက်၊လက်သဲခွ မြေဇာ မြက်သီး ကချေသည် စတဲ့မြက်အုပ်စုကို အဓိကနှိမ်နင်းပါသည်... စပါးသက်တမ်း၁လသားအထိသာသုံးပါ သတ်မှတ်နှုန်းထါးအတိုင်းသာသုံးစွဲပါရန် ဆေးဖြန်းပြီး ၇ ရက်အကြာ စပါးပင်အဝါရောင်သမ်းပါသည်..သတ်မှတ်ထါးသောနှုန်းထါးထက်ကျော်လွန်သုံးစွဲပါက စပါးပင်ထိခိုက်မှုရှိပါသည်..အညွှန်းအတိုင်းတိကျစွာသုံးစွဲဖို့ အရေးကြီးပါသည် 2...Oxyfluofen ဆင်ငိုမြက် လက်သဲခွ မုံညှင်းအုပ်စု ရွက်ပြားပေါင်း တချို့ကို နှိမ်နှင်းနိုင်သည် စပါးကြဲပြီး ပေါင်းမပေါက်ခင်(pre)နှင့် ပေါင်းပေါက်ပြီး(post) ၂မျိုးလုံး သုံးနိုင်သည် စပါးပင် ထိခိုက်မှု မရှိပါ 3...Quinclorac မြက်သီး ဝမ်းဘဲစာ၊​ဘော့မြက်၊မြက်ဝမ်းပူ နှင့် တနှစ်ခံမြက်အုပ်စုများကို အဓိက သတ်နိုင်ပါသည်...သတ်မှတ်နှုန်းထါးအတိုင်း တိကျစွာသုံးစွဲပါ ...........မိမိစပါးခင်းတွင်ပေါက်သော ပေါင်းအမျိုးစားကိုလိုက်၍ ပေါင်းသတ်ဆေးကို ရွေးချယ် အသုံးပြုပါ 4...#24-D **အရည်(၅၅%, ၇၂%, ၈၆%)  အမှုန့်(၉၅%) အရည် အမှုန့်၂မျိုးရှိပါသည် သတ်မှတ်နှုန်းထါးအတိုင်းသုံးပါ...သတ်မှတ်ချက်နှုန်းထါးကျော်လွန်ပါက စပါပင်ဝါပြီး အပင်၍ပုကွသွားတတ်သည်. အဓိကနိုင်သောပေါင်းများမှာ မြက်မုံညင်း လယ်လေညှင်း ဝက်လါ ရွက်ပြန့်ပေါင်းများစွာကို အထူးနှိမ်နှင်းနိုင်သည် ဝက်လါအထူးသတ်နိုင်သည် 5..#Pendimethalin စပါးခင်း အစိုကြဲ အခြောက်ကြဲ စိုက်ခင်းများတွင် ပေါင်းမပေါက်မီ စပါးကြဲပြီးချိန်တွင် ပေါင်းစေ့များမပေါက်မီ သမန်းပြင်ကိုအုပ်ဆေးအဖြစ်အသုံးပြုသောဆေးဖြစ်သည်...ဒေါင်းမြီးပျံ မြက်ယား တနှစ်ခံမြက်နှင့် ရွက်ပြန့်ပေါင်းများ၏ ပေါင်းစေ့များ မပေါက်စေရန် အုပ်ထားနိုင်သော ပေါင်းအုပ်ဆေးဖြစ်သည် အုပ်ဆေးအသုံးပြုထါးပါက ပေါင်းပေါက်မှု ၆၀% ၇၀% ထိလျော့ချနိုင်ပြီး ကုန်ကျစရိတ်များစွာသက်သာပါသည်..စပါးပင်ထိခိုက်မှု လုံးဝမရှိပါ... 6...#Bispyribac Sodium ၁၀% ၂၀% ၄၀% စသည်ဖြင့် အမျိုးမျိုးထွက်ရှိပါသည် အဓိကနှိမ်နှင်းသော ပေါင်းများမှာ စပါးရောင် ငသရောင်(ခေါ်)တက်ကွက် တက်ပွတ် မြက်မုံညင်း ဝမ်းဘဲဇာ မြက်ကွမ်းသီး လယ်လေးညှင်း တို့ကို အဓိကသတ်နိုင်သည် လိုအပ်သလို ရေသွင်းရေထုတ်လုပ်နိုင်သောစပါးခင်းများတွင် ထိရောက်မှုပိုမြန်ပါသည်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။