အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,164
လွန်ခဲ့သော ၄ နှစ် က · ပျော်ဘွယ်

သံပရိုပင်ရဲ့ သက်တမ်းကို သိပါရစေ

စိုက်ပျိုးနည်း သံပုယို

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၄ နှစ် က

အပင်သက်တမ်းမှာ မျိုးပွားနည်းနှင့် မျိုးပွားနည်း အပေါ်တွင် မူတည်ပါသည်။ မြေထုတ်စည်းနည်းဖြင့် မျိုးပွားထားသော ပျိုးပင်အား စိုက်ပျိုးပါလျင် အနည်းဆုံး(၂)နှစ် အသီးမယူဘဲ အပင်ပြုစုလျင် အပင်သက်တမ်း (၁၀)နှစ် အထိ အသီးကောင်းစွာ ရရှိနိူင်ပါတယ်။ မြေထုတ်စည်းပင်အား အပင်စစိုက်ချိန်တွင် အသီးယူပါလျင် အပင်သက်တမ်း တိုပါသည်။ ယခုနောက်ပိုင်းတွင် သံပုရာမျိုးရင်း ပင်များအား အောက်ခံပင်နှင့် ကိုင်းဆက်စိုက်ပျိုးလာကြရာ ထိုပျိုးပင်များသည် အပင်သက်တမ်း ပို၍ ရှည်ပါသည်။ အပင်ပြုစုမှုမှာ ကိုင်းရှင်းလင်းခြင်း၊ ပိုးမွှားရောဂါ စနစ်တကျ ကာကွယ်နိမ်နင်းခြင်း များ အလေးထားဆောင်ရွက်ပါက အပင်သက်တမ်း ရှည်နိူင်ပါတယ်။

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၄ နှစ် က

သံပုယိုပင်က နှစ်ရှည်ပင်ထဲမှာပါပါတယ်ဗျ။ ပြုစုတတ်မှူအ​ပေါ်မူတည်ပြီးသက်တမ်းကြာပါတယ်။

348 လွန်ခဲ့သော ၄ နှစ် က

6 Years

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။