အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,164
လွန်ခဲ့သော ၄ နှစ် က · ပျော်ဘွယ်

သံပုယိုပင်ကို စီးပွားဖြစ်စိုက်ရင် ကောင်းပါသလား။ လက်ရှိအပင် ၁၅၀ ပင်စိုက်ထားပါတယ်။ ခုမှ စသီးတာပါ။

စိုက်ပျိုးနည်း သံပုယို

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၄ နှစ် က

၁။ မိမိထွက်ကုန်အတွက် ဈေးကွက်အား အရင်လေ့လာပါ ၂။ ထွက်ကုန် ဈေးအကောင်း ဆုံးအချိန် ဖြစ်သည့် နွေရာသီ အသီးရအောင်ဖမ်းပါ၊ မိုးရာသီ အပွင့်အား မသီးအောင် ပိုးသတ်ဆေးဖြင့်ခြွေပါ၊ အပင်အားမြေဩဇာ မိုးရာသီ မကြွေးပါနှင့် ၃။ အပင်အား စက်တင်ဘာ လလယ်ခန့်မှ စ၍ပြုစုပြီးအပွင့်ယူပါက ဖေဖော်ဝါရီလတွင် အသီးရပါမည် ၄။ မိုးရာသီ အသီးဈေးသည် ပဲခူးတိုင်းဒေသကြီး မင်းလှမြို့တွင် ၃ တင်ဝင်အိတ် ထိပ်အုပ်ချုပ်ပင်လျင် ၃၀၀၀- ၅၀၀၀ ကျပ်ခန့်သာရှိနေပါသည်။

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၄ နှစ် က

​စျေးကွက်လိူအပ်ချက် ရှိမရှိ၊ အနီးပို့၊အ​ဝေးပို့ လမ်း​ကြောင်း ၊ သွင်းအားစုကုန်ကျစရိတ် နဲ့ လက်ရှိ​ပေါက်​စျေးနဲ့ ကိုက်မကိုက်။ ပြီး​​တော့..​စျေးကွက်မကိုက်လို့ ပစ္စည်းပုံ​နေရင်.. ကုန်​ချောအဖြစ် ဘာလုပ်ရင်ရနိုင်မလဲ.. ကြိုတင်စဥ်းစားထားသင့်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။