မှော်ဘီ ဘက်မှာ အာလူးနဲ့ ကန်စွန်းဥ စပြီး စိုက်ပျိုးချင်လို့ပါခင်ဗျ။သင့်တော်သောစိုက်ပျိုးနည်းများကို လမ်းညွန်ဖြေကြားပေးကြပါခင်ဗျ။မျိုးဥကိုဘယ်မှာဝယ်ရင် သင့်တော်မလဲဆိုသော အကြံဉာဏ်လေးများ လမ်းညွန်ကူညီပေးကြပါဦးခင်ဗျ။ကျေးဇူးတင်ပါတယ်။
မျိုးကိုတော့ အောင်ပန်းပွဲရုံတွေမှာလို့ရပါတယ်။ စိုက်ဖို့ရာမှာ..ရှမ်းပြည်လို မိုးစိုက်အာလူး အဆင်မပြေပါ။ ချောင်းကမ်းနဘေး၊ သဲနုန်းပြင်မြေမှာ အောက်တိုဘာလ စိုက်ကြရပါတယ်။ စိုက်နည်းစနစ်ကတော့..သိပ်အထူးအထွေ မလိုပါဘူး။ မိိုးအာလူးတွေကို မျက်စေ့လေးတွေမထိခိုက်အောင် ခွဲခြမ်းရပါတယ်၊ သီရမ် မိှုသတ်ဆေးကို ရေဖျော်ပြီး မျိုးစိမ်ပေးပါ(၂မိနစ်ခန့်) စိုက်ခင်းမြေကို သဘာဝမြေသြဇာ၊ဓါတ်မြေသြဇာ အပြညွ်အဝခံပြီး မိိုးအာလူးများကို ၅×၈လက်မခြား စိုက်ပါ။ အသေးစိပ်သိလိုပါက၊ အစိမ်းရောင်လမ်းမှာ အာလူး/ကန်စွန်း စိုက်ပျိုးနည်းလို့ ရိုက်ရှာပြီး လေ့လာပါ။
ဆက်စပ်မေးခွန်းများ
EMနဲ့ထရိုင်ကိုဓါးမား သုံးစွဲတဲ့အညွန်းတိတိကျကျရှိပါသလားခင်ဗျ ဥပမာ EM ကိုမျိုးစေ့စိမ်တဲ့နေရာမှာနံပါတ်ဘယ်လောက်...
ဖြေကြားချက် 9 ခု
ပဲခူးမြို့ရာသီဥတုနဲ့ ဒီလထဲ ဘာ ရာသီပင်တွေစိုက်လို့ရနိုင်ပါသလဲခင်ဗျာ။ ကျေးဇူးပြုပြီး ဖြေပေးစေလိုပါတယ်။
ဖြေကြားချက် 1 ခု
အာလူးကို သဲမြေ၊အပူချိန်မြင့်မားသော မိတ္ထီလာ လွင်ပြင်မှာ စိုက်ပျိုးလို့ ရနိုင်ပါသလား?ရခဲ့ရင် မည်သည့်မျိုးစိုက်...
ဖြေကြားချက် 2 ခု
ကျွန်တော်တို့ တောင်သူလယ်သမားတွေဟာ ခုနောက်ပိုင်း ဘယ်မျိုးစေ့ မျိုးရိုးဗီဇကိုမဆို သူတစ်ပါးကုမ္ပဏီကို အားကိုးပြီး...
ဖြေကြားချက် 1 ခု
ပန်းအာလူးစိုက်ပျိုးပုံအကြောင်း သိချင်လို့ပါ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။