အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Ko Than Win Hlaing
လွန်ခဲ့သော ၄ နှစ် က · မုဒုံ

ဆရာများခင်ဗျ ကျွန်တော့်စပါးက 2 လသားနဲ့တင် အရွက်တွေဟုန်ကောင်းနေလို့ အသီးမသီးခင် အပင်လဲကျမှာစိုးရိမ်တဲ့အတွက် တတ်နိုင်သလောက်တော့ တံဇဉ်းနဲ့ ရိတ်ဖြတ်ထားပါတယ်  နောက်ပိုင်းတွေမှာ အသီးမတင်ခင် စပါးအပင်မလဲအောင် ဘယ်လိုလုပ်ရမလဲ ခင်ဗျာ ...စပါးက တောင်ပျံသက်ကြီးမျိုးပါ စစိုက်ကတည်းကနေ ခုချိန်ထိ ဘာမြေဩဇာမှ မကျွေးထားရသေးပါဘူး..လယ်ကရေနက်ကွင်းဖြစ်နေတော့  ရေလျှော့လို့မလွယ်ပါ...‌မိုးနည်းပြီးချောင်းရေကျတဲ့ ရက်တုန်းက ရေလျှော့လိုက်မိတာအပင်လဲကုန်လို့ ရေနဲ့ပြန်ထိန်းထားနေရပါတယ်ခင်ဗျ ..စပါးပင်မလဲအောင် ဘယ်လိုလုပ်ရမလဲ ဘာမြေဩဇာကျွေးသင့်သလဲဆိုတာ အကြံဉာဏ်လေးများ ‌ပြောပြပေးပါ ခင်ဗျာ ...

စိုက်ပျိုးနည်း စပါး
Post image
Post image
Post image
Post image
Post image
4

ဖြေကြားချက် ၄ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,685 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

အပင့်​တောင့်​အောင် ပိုတက်စီယံ ​ကျွေးရပါတယ်။

Ko Than Win Hlaing
Ko Than Win Hlaing 290 လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးတင်ပါတယ် ဆရာ <3

Ko Than Win Hlaing
Ko Than Win Hlaing 290 လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးတင်ပါတယ် ဆရာ တစ်အားအရွက်ဟုန်လာရင် ဖြတ်ပေးလိုက်ပါမယ်ခင်ဗျ ..နောက်ပြီးတော့အပင်‌တောင့်ပြီး မာလာအောင်ရော လုပ်လို့ရပါသလား ဆရာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,685 လွန်ခဲ့သော ၄ နှစ် က

အလွယ်ဆုံးနဲ့ အရှင်းဆုံးက​တော့၊ အနှံသ​န္ဓေမထိခိုက်​အောင် ဖြတ်​ပေးတာ အဆင်​ပြေမှာပါ။ မက်ပီကွတ် ကလိုရိုဒ် ဖျန်းရင်လည်း အနှံထွက်လာရင် လဲနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။