အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
လွန်ခဲ့သော ၄ နှစ် က

ပုရွက်ဆိတ်တွေကအဖူးအပွင့်သီးတို့ကိုစားသောက်တယ်ရောဂါပိုးတွေသယ်သလားမသိဘူးဘာဆေးသုံးရမလဲပုရွက်ဆိတ်အကြောင်းသိခြင်ပါ...

ပုရွက်ဆိတ်တွေကအဖူးအပွင့်သီးတို့ကိုစားသောက်တယ်ရောဂါပိုးတွေသယ်သလားမသိဘူးဘာဆေးသုံးရမလဲပုရွက်ဆိတ်အကြောင်းသိခြင်ပါတယ်

ပိုးမွှားရောဂါ ပဲတောင့်ရှည် ပဲတောင့်ရှည် ပျပိုး
Post image

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

ပျ၊ပိုး​စေးနှဲ ​တွေက ထုတ်တဲ့ အချိုရည်ကို စားဖို့ ပုရွက်ဆိတ်​တွေ ​ရောက်လာကြတယ်။ ပုရွက်ဆိတ်​တွေက လည်း ပျ​တွေ ပိုး​စေးနှဲ​တွေကို အစာရှိရာ​နေရာကို သယ်​ဆောင်​ပေး​လေ့ရှိတယ်။ အပြန်အလှန် သဟာဇာတဖြစ်စဥ်ပါဘဲ။ ပျ​တွေမလာ​အောင် ဓါတု​ဆေးဖျန်းမယ်ဆိုရင် အဆီတာမီပရစ်(အဆက်)ဖျန်း​ပေးရပါမယ်။ ပုရွက်ဆိတ်​တွေဟာ အချို့သီးနှံ​တွေမှာ တိုက်ရိုက်ဖျက်ဆီး​လေ့ရှိပါတယ်.။ အထူးသဖြင့် နဂါး​မောက်လို သီးနှံ​တွေမှာ ဆိုးရွားစွာ စား​သောက်ပါတယ်။ ပုရွက်ဆိတ်မျိုးနွယ်​တွေ ရာ​ထောင်ချီပြီးရှိကြပါတယ်။ ပုရွက်ဆိတ်အနီ​လေးတွေက ဖျက်ဆီးပါတယ်။ ပုရွက်ဆိတ်နဲ့ပါတ်သက်ပြီး စိတ်ဝင်စားစရာ ဗဟုသုတ​တွေ များစွာရှိပါတယ်။ ပညာရှင်​တွေ ပြုစုထားတာ​တွေ ​လေ့လာနိုင်ပါတယ်။

754 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

ပျ ၊ ပိုးစေးနှဲ ရှိရင် ပုရွက်ဆိတ်တွေ အပင်မှာ တွေ့ရပါတယ်

1,749 လွန်ခဲ့သော ၄ နှစ် က

ဂျက်ကက်ဖြန်းပါ ၃၀စီစီဆေးဖြန်းပုံးတပုံး

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။