ဖြေကြားချက် ၁ ခု
ကြက်ဥ၁လုံး၊အချိုမှုန့်၁ဇွန်း၊ငံပြာရည်၂ဇွန်း အားလုံးကို ခွက်တခုမှာဖောက်ထည့်၊မွှေပါ။ ရလာတဲ့ ဖျော်ရည် တဇွန်းကို ရေတလီတာ ဗူးထဲထည့်ပါ။ (လှုပ်ကစားသာအောင် ရေတခွက်စာလျော့ပြီးထည့်ပါ) ရေသန့်ဗူး ၅ဗူးခန့် ရပါမည်။ တနေ့တခါ လှုပ်ပေးပြီး နေပူပူမှာ လှန်းထားပါ။ အညိုရောင်ပြောင်းလာရင် သုံးလို့ရပြီ။၁လလောက်စောင့်ရမယ်နော်။ အပင်ဖျန်းမယ်ဆိုရင် ရေတဂါလံ ၁၀၀စီစီ ထည့်ဖျန်းပါ။ ဓါတုဆေး ဖော်ချင်ရင်တော့. အပင်အားဆေးလား၊အသီးအားဆေးလား..မူတည်ပြီး NPK ကို အချိုးအစား ပြောင်းထည့်ရပါတယ်။ အနည်းလိုအာဟာရအတွက် (ကယ်လစီယံ၊မဂ္ဂနိစီယံ၊ဆာလဖာ၊ဇင့်၊ဘိုရွန်၊...စသည်)များကို သီးနှံအလိုက် အနည်းငယ်စီရောစပ်ရပါတယ်။ ကုန်ကြမ်းများကိုတော့..ခုချိန်မှာ ဝယ်ရခက်ပါတယ်။
ဆက်စပ်မေးခွန်းများ
သံပုရာသီးကို ရွက်ဖြန်း ဘာမြေသြဇာလုပ်လို့ရလဲခင်ဗျ စပါး သို့မဟုတ် မြေပဲ
ဖြေကြားချက် 2 ခု
မတ်ပဲ ပဲတီစ်မ်းအတွက် ရွက်ဖျန်းအော်ဂဲနစ်မြေသြဇာပြုလုပ်ချင်ပါတယ် နည်းလမ်းသိပါရစေ
ဖြေကြားချက် 2 ခု
နွားချေးကိုမှုန့်ဖြစ်အောင်ထုထောင်း၍ ရရှိလာသော အမှုန့်နဲ့ ကျောက်မှုန့်၊မြေဆီ၊ပြာ ရောပက်လျှင်အဆင်ပြေလားဆရာတို့🙏...
ဖြေကြားချက် 3 ခု
သဘာဝမြေသြဇာကိုဘယ်လိုသုံးရတာလဲပြောပြပေးပါဗျ တစ်ဧကကို ဘယ်လောက်ထည့်ရတာဆိုတာကော ပြည့်ပြည့်စုံစုံလေး သိချင်လို့ပါ
ဖြေကြားချက် 2 ခု
ငှက်ပျောပင်စည်ပြာသုံးချင်ပါတယ်ဘယ်လိုပြုလုပ်ရမလဲဗျ
ဖြေကြားချက် 1 ခု