အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
18,513
လွန်ခဲ့သော ၄ နှစ် က · ကျောက်တံခါး

မြေရဲPHနိမ့်နေတာ( ဥပမာ)ph5 ကနေph6ကိုရောက်ဖိုသစ်စိမ်းမြေဩဇာပိုက်ဆံရှော်ပင်စိုက်ရင်ရလားဒါမှမဟုတ်ထုံးထည့်ရတာလား...

မြေရဲPHနိမ့်နေတာ( ဥပမာ)ph5 ကနေph6ကိုရောက်ဖိုသစ်စိမ်းမြေဩဇာပိုက်ဆံရှော်ပင်စိုက်ရင်ရလားဒါမှမဟုတ်ထုံးထည့်ရတာလားနှစ်ခုလုံးပြုလုပ်ရင်ကောဘာတွေဖြစ်နိူင်သလဲပညာရှင်များဖြေကြားပေးပါအုန်းခင်ဗျား

မြေဆီလွှာ စပါး မြေချဉ်ငန်ဓာတ် (pH)

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၄ နှစ် က

pH5 မှ pH 6 သို့ ရောက်ရန်မှာ ထုံးထည့်မှသာ ရနိူင်ပါတယ် တစ်ယူနစ်(pH 1)တက်ဘို့ ထုံး တစ်တန် ထည့်ရန်လိုအပ်ပါတယ်။ သစ်စိမ်းမြေဩဇာက မြေကြီးမှ N နှင့် သစ်ဆွေးဓာတ် ရရှိခြင်းကြောင့် မြေဆီလွှာတိုးတက်စေတာဖြစ်ပြီး မြေအချဉ်အငန်ဓာတ်ကို သိသာစွာ မပြောင်းလဲနိူင်ပါဘူး။ ဒါပေမဲ့ နှစ်မျိုးလုံးပြုလုပ်နိူင်လျင်တော့ အကျိုးရှိနိူင်ပြီး အကျိုးမယုတ်စေပါဘူး။

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၄ နှစ် က

ပိုက်ဆံလျှော်မှာအခြားအပင်တွေထက် န်ိုက်တြိုဂျင်ဓါတ်ပိုမိုပါရှိပေမဲ့ ပုလဲယူရီးယားဓါတ်‌မြေဩဇာမှာပါဝင်တဲ့ နိုက်တြိုဂျင်ပါဝင်မှုနဲ့ယှဉ်လိုက်ရင်မပြောပလောက်ပါဘူး။ပိုက်ဆံလျှော်အသုံးပြုမယ်ဆိုရင် သစ်စိမ်းမြေဩဇာ၊သစ်ဆွေးဓါတ်အမြောက်အများရရှိတာမို့ မြေဆီလွှာအရည်အသွေးတိုးတက်ကောင်းမွန်လာပါတယ်။မြေချဉ်ငန်ကိန်းပြောင်းလဲမှုကို အနည်းငယ်သာအကျိုးသက်ရောက်မှု ရှိပါတယ်။ထုံးကိုအသုံးပြုရာမှာလည်းတစ်ကြိမ်ထဲအကုန်မထည့်ပေးသင့်ဘဲ ၃..၄နှစ်အကြိမ်ခွဲပြီးအသုံးပြုသင့်ပါတယ်။ပိုက်ဆံလျှော်နဲ့ထုံး ၂မျိုးလုံးအသုံးပြုရင် ပိုကောင်းပါတယ်။ဉာဏ်ပင်ပေါရင် ပိုက်ဆံလျှော်အစား အသုံးပြုနိုင်ပါတယ်။(ပိုက်ဆံလျှော်နဲ့ဉာဏ်ပင်က သစ်ဆွေးဓါတ်နဲ့သစ်စိမ်း မြေဩဇာအမြောက်အများရရှိစေပါတယ်)

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၄ နှစ် က

အချိန်ရရင်​တော့၊​မြေချဥ်၊​မြေငံပြုပြင်နည်းအ​ကြောင်း ၊အစိမ်း​ရောင်လမ်းမှာ ရှာဖတ်​စေချင်ပါတယ်။ pHနိမ့်ရင်(​မြေချဥ်ရင်)ထုံးထည့်ရပါတယ်။ ****** တယူနစ်တက်ဖို့၊ ​မြေတဧကအတွက် ထုံး ၁-တန် ထည့်ရပါသတဲ့။ ****** pHမြင့်ရင်(​မြေငံ ရင် )ကန့်/ဆာလဖာ ပါ​​ေသာ​မြေသြဇာထည့်ရပါတယ်။ (အမိုးနီယံဆာဖိတ်/ဇင့်ဆာလဖိတ်/အိုင်းရွန်းဆာလဖိတ်) ********* ထည့်ရမည့်နုန်းထားက​တော့၊ pH အနည်းအများ​ပေါ်မူတည်ထည့်ရပါမယ်။ ******* ​မြေငံရင်၊ သဘာဝ​မြေသြဇာ/သစ်စိမ်း​မြေသြဇာ ​ကျွေး​ပေးရပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။