ဖြေကြားချက် ၄ ခု
ပိုးမွှားရောဂါ မကျရောက်ဘဲ ပိုးသတ်ဆေး အသုံးပြုရန် မလိုပါဘူး။ တင်းရှန့် တွင် ပါဝင်သော ကလိုရိုပိုင်ရီဖော့ သည် တားမြစ်ပိုးသတ်ဆေးထဲတွင် ပါဝင်သဖြင့် လက်ကျန်များအား ရောင်းချနေကြခြင်း ဖြစ်၍ ဈေးနှုန်းကြီးမြင့်မှု ရှိနိူင်သဖြင့် ပက်ဖြန်းမည်ဆိုပါကလည်း ကျရောက် ပိုးမွှားအပေါ်မူတည်၍ ဆေးဝါးအသုံးပြုရန်လိုအပ်ပါတယ်၊ အနာနှင့်ဆေး တလွဲဖစ်တတ်၍ပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စပါးတွင်ရွေးချယ်ပေါင်းသတ်ဆေးသုံးရင် စပါးပင်ကို ထိခိုက်မှုရှိနိုင်ပါသလားခင်ဗျာ။
ဖြေကြားချက် 1 ခု
ကျနော့်စပါးခင်းမှာပေါင်းထူနေပါတယ် ဘာဆေးသုံးရင်အဆင်ြေပနိုင်လဲခင်ဗျ
ဖြေကြားချက် 2 ခု
စပါးခင်ထဲမှာဒီမြတ်ပင်ကအများကြီးဘာပေါင်းသတ်ဆေးဖျန်းရင်သေးမလဲ စပါးပင်မထိအောင်
ဖြေကြားချက် 2 ခု
လယ်စပါးခင်းမှ ဝက်မှင်ကိုတရုတ်ပေါင်းသတ်ဆေးထုပ်နဲ့ဖျန်းတာ တချိုမသေလို ဘာပေါင်းသတ်ဆေးထပ်သုံးသင့်ပါသလဲခင်ဗျ
ဖြေကြားချက် 2 ခု
စပါးကျဲခင်းတွင် မကျဲခင်ရွေးချယ်ပေါင်းသတ်ဆေး မြေပြင်မှာဖျန်းရင် ထိရောက်မှုရှိပါသလားခင်ဗျာ။
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ