ဖြေကြားချက် ၁ ခု
ကောက်ရိုးမှိုစိုက်ပျိုးခြင်း --------------------- အဆင့်(၁) ဇလားပုံ ပုံစံခွက်တွင် ကောက်ရိုး(သို့)ရိုးပြတ်များကို အောက်ခြေအနံ(၁) ပေခွဲ၊ အပေါ်ဖက်အနံ(၁)ပေ၊ အမြင့် (၁)ပေခွဲနှင့် အလျား (၄) ပေထုရှိသော ဇလားပုံပုံစံခွက်ထဲသို့ဖြန့်ခင်းရမည်။ ကောက်ရိုးများပေါ်တွင် ရေဖျန်းပြီး အထူ(၃)လက်မခန့် အထိရှိအောင် တက်နင်းပေးရမည်။ အဆင့်(၂) မှိုမျိုးထုပ်ကိုဖြည်၍နှပ်စာများကို ခွက်တစ်ခုထဲတွင် ထည့်ကာအလုံးအခဲ မကျန်အောင် ချေမွထားရမည်။ အဆင့်(၃) ဖိသိပ်ပြီး ကောက်ရိုး၏အပေါ်ယံဘေးပတ်လည်တွင် ဖြည့်စွတ်စာများကို အကျယ်(၃)လက်မခန့်နှင့် အထူလက်မဝက်ခန့်ရှိအောင်ဖြန့်ကျဲရမည်။ ထိုဖြည့်စွက်စာများပေါ်တွင် အသင့်ချေမွပြီးနှပ်စာများကို ဖြည့်စွက်စာများပေါ်တွင် အသင့်ချေမွပြီး နှပ်စာများကို ဖြည့်စွက်စာအလယ်ကြောင်းအတိုင်း ပါးပါးညီညီ ဖြူးပေးရမည်။ အဆင့်(၄) အထက်ပါအတိုင်း ၅လွှာ၊ ၆လွှာ ပြုလုပ်ပြီး အပေါ်ဆုံးအလွှာပေါ်တွင် ဖြည့်စွတ်စာနှင့် မှိုနှပ်စာများကို မျက်နှာပြင်အနှံ ညီညီညာညာဖြူးပေးရမည်။ အပေါ်ဆုံးမှ ရေစိုကောက်ရိုးခပ်ပါးပါးအုပ်ပြီး ဇလားခွက်ကို မ၍ချွတ်ယူရမည်။ စိုက်ပုံတစ်ပုံတည်းနှင့် လိုအပ်သောအပူချိန် မရရှိနိုင်သောကြောင့် နွေရာသီတွင် အောက်ခြေ (၁၀)လက်မစီကွာဝေးသော စိုက်ပုံ(၅)ပုံ၊ မိုးရာသီတွင် အောက်ခြေ(၈)လက်မစီကွာဝေးသော စိုက်ပုံ(၇)ပုံ၊ ဆောင်းရာသီတွင် အောက်ခြေ(၆)လက်မဆီ ကွာဝေးသော စိုက်ပုံ(၇)ပုံ ၊ဆောင်းရာသီတွင် အောက်ခြေ(၆) လက်မဆီကွာဝေးသော စိုက်ပုံ (၁၀)ပုံတို့ကို ဘေးချင်းယှဉ် အနေအထားဖြင့် နေရာချရမည်။ စိုက်ပုံများ အပူဓါတ်ကောင်းစွာရရှိစေနိုင်ရန် စိုက်ပုံများအပေါ်မှ ပလတ်စတစ် အကြည်စဖြင့် အိမ်အမိုး (သို့)ပေါင်းမိုးခုံးသဏ္ဍာန်ဖြင့် လုံခြုံစွာအုပ်ထားရမည်။ အရိပ်အောက်မဟုတ်ပါက နေရောင်တိုက်ရိုက် ကျခြင်းမှ ကာကွယ်ရန် ပလက်စတစ်ပေါ်မှ ထန်းရွက်ခြောက်၊ အုန်းလက်ခြောက် စသည့်သင့်တော်ရာ ပစ္စည်းတစ်မျိုးမျိုးနှင့် အုပ်မိုးပေးသင့်သည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နွားကျွေးလို့မရတော့တယ့်ကောက်ရိုးတေနက်မိုးစိုသွံားတယ့်ကောက်ရိုးတေကို မှိုစိုက်ချင်ပါတယ် မျိုးကိုဒီတိုင်းပတ်ထား...
ဖြေကြားချက် 3 ခု
ကောက်ရိုးမှိုမျိုးေစ့ဝယ်ဖို ဝေးတဲနေရာဒေမှာဆို မှိုမျိုးေစ့ရအောင်အလွယ်တကူလုပ်လိုရမလားဗျာ နည်းရှိရင်လမ်းပြပေး...
ဖြေကြားချက် 6 ခု
ကောက်ရိုးမှိုစိုက်နည်း
ဖြေကြားချက် 2 ခု
ကောက်ရိုးမှိုမျိုးစေ့ဝယ်ချင်ပါတယ် လိပ်စာက လပွတ္တာမြို့နယ် ကသပေါင်းရွာကပါ ဘယ်မှာဝယ်ရမလဲ
ဖြေကြားချက် 1 ခု
မှိုဖြည့်စွက်စာအတွက်အမျှင်ဓါတ်ပေါတဲ့ကုန်ကြမ်းကိုပြောပြပေးကြပါဦးဆရာတို့ခင်ဗျာ
ဖြေကြားချက် 3 ခု