တခုလောက်မေးချင်တယ်emမြေသြဇာပြုလုပ်ပုံလေးဖြေပေးပါ။15:15:15:S ဖြစ်စေချင်တယ်။
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၃၀ ရက်
♥ အသင့်သုံးအီးအမ်ဖျော်စပ်နည်း အီးအမ်အပြင်းကို တင်လဲရည်/ ထန်းလျှက်/ သကြားကို အသုံးပြု၍ အသင့်သုံးအီးအမ် ပြုလုပ်နိုင်ပါသည်။ ထုထည်အချိုးအားဖြင့် အောက်ပါအတိုင်းဖျော်စပ်ပါ (သို့မဟုတ်) ဝယ်ယူသောကုမ္ပဏီ၏ ညွှန်ကြားချက်အတိုင်း ဖျော်စပ်ပါ။ ~ အီးအမ်ဖျော်ရည်အပြင်း....၁ ဆ (၃၀ စီစီ/ပရုပ်ဆီဘူး(၁)ဘူး) သို့မဟုတ် (နို့ဆီဘူး ၂/၃ ဘူး) ~ တင်လဲရည်.....၄ ဆ (၁၂၀ စီစီ/ပရုပ်ဆီဘူး (၄)ဘူး သို့မဟုတ် (နို့ဆီဘူး (၃) ဘူး) ~ သန့်ရှင်းသောရေ.....၉၅ ဆ (သုံးလီတာ/ရေသန့်ဘူး (၃)ဘူး သို့မဟုတ် (ငါးဂါလန်) အထက်ပါ အချိုးအတိုင်းရောစပ်ပြီး သန့်ရှင်းသော ပလတ်စတစ်ပုံး (သို့မဟုတ်) စဉ့်အိုးထဲထည့်၍ ကောင်းစွာမွှေပေး၍ သုံးရက်ကြာလျှင် အသင့်သုံး အီးအမ်ကို ရရှိပါသည်။ ရာသီဥတုအေးပါက (၃) ရက်ထက်ပိုထားရန် လိုပါသည်၊ မူလဖျော်စက အသင့်သုံးအီးအမ်သည် တင်လဲရည် အမဲရောင် တွေ့ရမည်ဖြစ်ပြီး(၃) ရက်ကြာပြီးနောက် အဝါရောင်ပြောင်းသွားမည်ဖြစ်သည်။ အဝါရောင်မပြောင်းသေးပါက (၃) ရက်ထက် ပိုထားရမည် ဖြစ်ပါသည်။ အဝါရောင်ပြောင်းသွားလျှင် သုံးနိုင်ပြီ ဖြစ်သည်။
EM ပြုလုပ်ပုံ ဖြေပေးလို့ရပါတယ် ဒါပေမဲ့ 15း15း15းS ကတော့ အော်ဂဲနစ်ဖြင့် ပြုလုပ်၍ မရနိူင်ပါဘူး။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်းခင်ကျွတ်ဘယ်လိုEMနဲ့မြေဇီသြဇာရအောင်ဖြန်းပီမှထယ်မှောက်သင့်လဲ
ဖြေကြားချက် 1 ခု
ရေက ဒီလို ဖြစ်နေရင် EM (CEM) လုပ်ရာမှာ သုံးစွဲလို့ ရနိုင်ပါသလားခင်ဗျာ၊ pH level 6.7ရှိပါတယ်။
ဖြေကြားချက် 4 ခု
မူလEM ပြုလုပ်ရာမှာ သကာရည်များသွားလို့ အမဲရောင်ဖြစ်နေပါတယ်၊ ဆက်လက်အသုံးပြုလို့ရနိုင်လား၊ ဘယ်လို အာနိသင်ရှိမလဲ...
ဖြေကြားချက် 1 ခု
ခရမ်းချဉ်မှိုရိုးတံနှင့်အရွက်များတွင်ကြေနပြီးအသီးအပွင့်များမတင်ဘဲေကျွကြေန၍ဘာေဆးသုံးရင်ေကာင်းမလဲဗျာ
ဖြေကြားချက် 2 ခု
အပင်ဖြစ်နည်းနေလို့ပါ ဆက်လုပ်ရင်ရနိုင်သေးလား
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။