အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,096
လွန်ခဲ့သော ၄ နှစ် က · လှိုင်းဘွဲ့

မင်္ဂလာပါ ရှင့်ပုံထဲအတိုင်းမျိုးစပါးတွေအဲ့လိုဖြစ်နေကြတာပါ စုပ်စားပိုကြောင့်ဖြစ်တာလားနောက်ထပ်မပွားအောင်ဘာလုပ်...

မင်္ဂလာပါ ရှင့်ပုံထဲအတိုင်းမျိုးစပါးတွေအဲ့လိုဖြစ်နေကြတာပါ စုပ်စားပိုကြောင့်ဖြစ်တာလားနောက်ထပ်မပွားအောင်ဘာလုပ်ပေးရမလဲဆိုတာသိချင်လို့ပါ အတွေ့အကြုံရှိတဲ့ဉီးကြီးလယ်သမားတို့ကျွမ်းကျင်ပညာရှင့်တို့နည်းလမ်းလေးပြောပြပေးပါလားရှင့်

Post image
Post image
Post image

ဖြေကြားချက် ၁၀ ခု

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၄ နှစ် က

ဖြုတ်စိမ်း၊ဖြုတ်ညို များအား ~ ကာတက်ပ်ဟိုက်ဒြိုကလိုရိုဒ် (Cartap hydrochloride) ~ အဆီဖိတ် (Acephate) ~ အဆီတာမီပရစ်ဒ် (Acetamiprid) ~ ဗိုက်တာဂရို BPMC(Fenobucarb) ~ ဖစ်ဖရိုနေး (Fipronail) ~ ♥ ဈေးကွက်လက်ကျန် ကလိုရိုပိုင်ရီဖော့(Chlorpyrifos)+ဆိုက်ဖာမီသရင်း (Cypermethrin) တို့အား အသုံးပြု ပက်ဖြန်းနိူင်ပါတယ်။

3,096 လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးတင်ပါတယ်ရှင့်

580 လွန်ခဲ့သော ၄ နှစ် က

ဆေးဖျန်းရင် ပင်ခြေရောက်အောင်ဖျန်းပါ၊ ပိုးကျနေတဲ့အချိန် ယူရီးယားမြေသြဇာ လုံးဝမသုံးပါနဲ့

580 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့ ဖြုတ်ပိုးကျတယ်ဆိုရင် အရင်ဦးဆုံး ရေထုတ်ပါ၊ လေကြောင်းခွဲပြီး လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ပါ၊ ဆေးသုံးမယ်ဆိုရင် AI အနေနဲ့ Fenobucarb သုံးရပါမယ် စျေးကွက်ထဲမှာတော့ ဗိုက်တာဂရိုစသဖြင့်နာမည်တွေနဲ့ ထုတ်ပါတယ်

3,096 လွန်ခဲ့သော ၄ နှစ် က

အပင်ချေမှာဖြုတ်အရွယ်အစားအကောင်တွေပြည့််နေပါတယ်ရှင့်

3,096 လွန်ခဲ့သော ၄ နှစ် က
3,096 လွန်ခဲ့သော ၄ နှစ် က

ရှိပါတယ် ဖြုတ်အကောင်တွေရှိနေပါတယ်ရှင့်

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၄ နှစ် က

ရောဂါကျတာလား၊ ပိုးကျနေတာလား ကွဲပြားအောင် ရှင်းလင်းပြတ်သားသော ပုံများ ပို့၍ မေးခြင်းက ပိုကောင်းပါတယ်။ ယခုပုံအရဆိုလျင် မှန်ကန်တိကျသော အဖြေ မရနိူင်ပါဘူး။

အတည်ပြုပြီး 1,116,062 လွန်ခဲ့သော ၄ နှစ် က

စပါးဖြုတ်ညိုကျနေတာနဲ့တူပါတယ်။ အပင်ခြေမှာ ဖြုတ် ရှိမရှိကြည့်ပါ။ ရေလျော့ပြီး ဗိုက်တာဂရို ကဲ့သို့ ဖြုတ်ဆေးဖျန်းပါ။ ပိုတက်နဲ့ ဂျစ်ဆန်ပက်ပါ။

580 လွန်ခဲ့သော ၄ နှစ် က

အပင်ခြေကိုကြည့်ပါ ဖြုတ်ပိုးတွေတွေ့ရလား

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။