အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
777
လွန်ခဲ့သော ၄ နှစ် က · ရပ်စောက်

ပိုတက်ဆီယန်နိုက်ထရိုတ်ဘယ်လိုဖော်စပ်အသုံးပြုရမလဲဗျ..ဖော်စပ်ပုံနဲ့ဆေးအညွှန်းလေးပြောပေးပါ...အ.းဆေးတွေကစျေးအရမ်း...

ပိုတက်ဆီယန်နိုက်ထရိုတ်ဘယ်လိုဖော်စပ်အသုံးပြုရမလဲဗျ..ဖော်စပ်ပုံနဲ့ဆေးအညွှန်းလေးပြောပေးပါ...အ.းဆေးတွေကစျေးအရမ်းကြီးလို့ပါ...

အပင်အာဟာရ သရက်
Post image
Post image

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၄ နှစ် က

တောင်သူလယ်သမား လုပ်ရလည်းလွယ်၊ ကုန်ကျစရိတ်လည်း သက်သာ၊ ဓာတ်ကြွင်း အာနိသင်လည်း ကင်းလွတ်တဲ့ဇီဝပိုတက်စီယမ်မြေသြဇာအရည် ပြုလုပ်သုံးစွဲနည်းလေး မျှဝေပေးလိုက် ချင်ပါတယ်။ ⏩ဆေးရွက်ကြီးပင်စည်အရိုး တစ်ကီလိုဂရမ်ကို ဓားနဲ့ နုပ်နုပ်စဉ်းပါ။ ရရှိလာတဲ့ဆေးရွက်ကြီးပင်စည်အရိုး အပိုင်းအစများကို ဖွဲနု နို့ဆီတစ်ဘူးနဲ့ သမအောင် ရောမွှေပါ။ ရောမွှေရရှိသော ပစ္စည်းကိုမြေအိုးတစ်လုံး ထဲသို့ထည့်ပါ။ ၎င်းအပေါ်က အီးအမ် ၁၀၀စီစီကို လောင်းထည့်၍ တုတ်ချောင်းဖြင့်သမအောင်မွှေပေးပါ။ အိုးထဲသို့ ရေတစ်ဂါလန်မျှထည့်၍ မွှေပေးပါ။ အိုးအဝကိုပိတ်ပါးစဖြင့်ဖုံး၍ ကြိုးဖြင့် ကျပ်ကျပ်ပတ်စည်း ပေးထားပါ။  ⏩အေး၍ခြောက်သွေ့သောနေရာတွင်ထားပါ။ နေရောင်ဖြင့် တိုက်ရိုက်မထိတွေ့စေရပါ။ ခုနစ်ရက် တစ်ပတ်ပြည့်တဲ့အခါ ပိတ်ပါးစကိုဖွင့်၍ တုတ်ဖြင့်သမအောင်မွှေပေးပါ။ ပိတ်စပြန်ဖုံးပြီး ခုနစ်ရက် ထပ်မံထားပါ။ (၁၄ ရက်) နှစ်ပတ်ပြည့်ပါက အသုံးပြုနိုင်ပါတယ်။ ⏩အသုံးပြုပုံကတော့ ဆေးရွက်ကြီးအရည် ၇၀၀ စီစီကို ရေလီတာ ၂၀ နဲ့ ရောစပ်၍ ပက်ဖျန်းနိုင်ပါတယ်။ ပက်ဖျန်းရာမှာအပင်အရွက်အောက်မျက်နှာပြင်ထိအောင်ဖျန်းနိုင်ပါက ပိုမိုထိရောက်နိုင်ပါတယ်။ အသုံးပြုနိုင်တဲ့ သီးနှံများကတော့ စပါးသီးနှံမှာ ပင်ပွားစုံချိန်၊ မှို့ကပ်ချိန်၊ အနှံစုံချိန်သုံးကြိမ်ဖျန်းပေးရန် လိုအပ်ပါတယ်။ တခြားနှံစားသီးနှံများလည်း အသုံးပြုနိုင်ပါတယ်။ သစ်သီးဝလံ (သရက်၊ ကျွဲကော၊ မာလကာ၊ ထောလပတ်၊ ပန်းသီး၊ လိမ္မော်၊သစ်တော်) စတဲ့သီးနှံများကို အပွင့်ဖူးပေါ်စတစ်ကြိမ်၊ ပန်းဖြိုင်ဖြိုင်ပွင့်ပြီးစတစ်ကြိမ်နှစ်ကြိမ်ဖျန်းပေးဖို့ လိုပါတယ်။ ဟင်းသီးဟင်းရွက်၊ ငရုတ်၊ အာလူး၊ ကြက်သွန်၊ ခရမ်းချဉ်၊ မုန်လာထုပ်၊ ပန်းမုန်လာများမှာအပင်ကြီးထွားအဆင့်မှာ တစ်ကြိမ်၊ ပွင့်ဖူးထိုးစ တစ်ကြိမ် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တစ်ကြိမ် သုံးကြိမ်ဖျန်းပေးဖို့လိုအပ်ပါကြောင်း မျှဝေလိုက်ရပါတယ်။

အတည်ပြုပြီး 323,968 လွန်ခဲ့သော ၄ နှစ် က

ပိုတက်စီယမ်နိုက်ထရိတ် (ယမ်းစိမ်း) ဆရာကြီးဦးဖရက်သိန်းဖေရဲ့ ဆောင်းပါးထဲမှာ ဖော်ပြထားပါတယ်ဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။