အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သော်တာဆွေ
လွန်ခဲ့သော ၈ နှစ် က · ပုလဲ

ပဲအထွက်တိုးဘို့ဘာတွေလုပ်ဆောင်သင့်ပါသလဲ ရေသွင်းလို့မရပါဆရာဖြေကြားပေးပါဆရာ

စိုက်ပျိုးနည်း ကုလားပဲ ကုလားပဲပင်အာဟာရ
5

ဖြေကြားချက် ၅ ခု

kyaw min
kyaw min 3,142 လွန်ခဲ့သော ၆ နှစ် က

12ရက်နဲ့15ရက်သားမှာရွှေ့မောင်းမောင်းလို့ပါတယ်ရေတင်ပြီချေနင်းခံရင်ပုလဲတလုံးပက်ပါ

learnerdiesel
learnerdiesel 812 လွန်ခဲ့သော ၇ နှစ် က

မရပါ

kyaw
kyaw 348 လွန်ခဲ့သော ၇ နှစ် က

ရေတင်လို့ရလား

သော်တာဆွေ
သော်တာဆွေ 930 လွန်ခဲ့သော ၈ နှစ် က

ကျေးဇူးပါ

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,026 လွန်ခဲ့သော ၈ နှစ် က

ကုလားပဲ မျိုးစေ့များကို ပဲမြစ်ဖုမြေသြဇာ တစ်ထုပ်နှင့် သမအောင်ရောနယ်ပါ။ အပင်ပေါက်ကောင်းစေရန် ထွန်ကြောင်း အတွင်း မျိုးစေ့ အတိမ်အနက် ၂ လက်မမှ ၃ လက်မ အတွင်း ချ၍ စိုက်ပျိုးပါ။ အပင်ငယ်စဉ် အတွင်း လှေး၊ ကျိုင်း၊ ပျ၊ ရွက်စားပိုး၊ မွှားပင့်ကူနီများ ကျရောက်တတ်သောကြောင့် ပင်လုံးပြန့် အာနိသင်ရှိသော တစ်မျိုးမျိုး ဖျန်းပါ။ ညှိုးသေရောဂါ ကျရောက်တတ်သောကြောင့် မှိုသတ်ဆေး တမျိုးမျိုး ဖျန်းပါ။ ပေါင်းမြက် ကင်းစင်အောင် ၁၅ ရက်ခြားပြီး ၂ ကြိမ်ဆောင်ရွက်ပါ။ ရွက်ဖျန်းမြေသြဇာ အရည်ကို ၁၅ရက် ခြားပြီး ဖျန်းနိုင်သည်။ ပန်းစပွင့်ချိန်တွင် အစိုဓာတ်နှင့် အာဟာရဓာတ်များ မပြတ်စေရန် အရေးကြီးသည်။ ပန်းများ ပွင့်အားကောင်းစေရန် တီစူပါနှင့် ပိုတက် (P & K) ပါဝင်မှု များသော ရွက်ဖျန်းမြေသြဇာကို အသုံးပြုပါ။ သီးနှံသက်တမ်း တလျှောက်တွင် ပင်ညှိး၊ မြစ်ခြောက်ဆွေး၊ ပင်ခြေပုပ်ရောဂါများ ကျရောက်တတ်သောကြောင့် မှိုသတ်ဆေး တစ်မျိုးမျိုးကို (၁၅)ရက်ခြား ဖျန်းနိုင်သည်။ ရက် ၆၀နှင့် ၈၀ ဝန်းကျင်တွင် အသီးနှင့် အစေ့အဆံ တည်သော အချိန်ဖြစ်သောကြောင့် သီးလုံးဖောက်ပိုးကိုလည်း ဂရုစိုက်ရမည်။ ဤအချိန်တွင် အပင်သည် စိမ်းစိုပြီး ကျန်းမာနေရမည်။ အပင် အတွက် အာဟာရ လိုအပ်ချက်သည်လည်း အမြင့်ဆုံး ဖြစ်သည်။ အသေးစိတ်ဖတ်ချင်ရင် နှိပ်ပါ. https://greenwaymyanmar.com/posts/cultivation-of-chick-pea

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။