အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
16,337
လွန်ခဲ့သော ၄ နှစ် က · မြန်အောင်

သဘာ၀ပိုးသတ်ဆေးကိုဆေးရွက်ကြီရယ်ကျန်တာဘာနဲ့ရောရသေးလည်ခဗျာဘယ်နှစ်ကျပ်သားကိုရေဘယ်လောက်နဲ့ရောရလည်ရလာတဲ့ရေကိုရေ4ဂါ...

သဘာ၀ပိုးသတ်ဆေးကိုဆေးရွက်ကြီရယ်ကျန်တာဘာနဲ့ရောရသေးလည်ခဗျာဘယ်နှစ်ကျပ်သားကိုရေဘယ်လောက်နဲ့ရောရလည်ရလာတဲ့ရေကိုရေ4ဂါလန်နဲ့ဘယ်လောက်စီစီရောဖြန်းရလည်သိချင်ပါတယ်အဆေးကမဖြန်းဘဲထားရင်ဘယ်လောက်ကြာကြာထားခံလည်သိပါရစေအဆေးကပိုးပြေးတာလားပိုးသေတာလာကာကွယ်တာလာသိပါရစေ

ပိုးမွှားရောဂါ မတ်ပဲ ဆေးရွက်ကြီး ပိုးသတ်ဆေးရည်

ဖြေကြားချက် ၄ ခု

16,337 လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးပါခဗျာ

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၄ နှစ် က

♥ ဆေးရွက်ဆေးရည် (Tobacco Decoction) (က) ဆေးရွက်ကြီး.... ၁ ပေါင် (ခ) ရေ...................၄ ဂါလန် (ဂ) ဆပ်ပြာ.............. ၁ ပေါင် ရေကိုကျိုချက်ပြီး ထိုရေနွေးထဲသို့ ဆေးရွက်ကြီးကိုစိမ်ပါ။ ထို့နောက် ဆပ်ပြာပါရောစပ်ပြီး ကျိုချက်ရသည်။ အေးသည့် အခါတွင် ထိုဆေးရည် ကို ပိုးကျသည့် အပင်ရင်း၌ လောင်း၍ဖြစ်စေ (သို့) အပင်ပေါ်သို့ ပက်ဖျန်း၍ဖြစ်စေ အသုံးပြုရသည်။ ထိုဆေးရည်မှာ ခူများနှင့် ပရွက် ဆိတ်များကို နှိမ်နင်းကာကွယ်နိုင်သည်။ ♥ ဆေးရွက်ကြီး ပြုတ်ရည် ၁။ ဆေးရွက်ကြီး (၁၅) ကျပ်သား၊ ၂။ ဆပ်ပြာရည် (၁.၈) ကျပ်သား၊ ၃။ ရေ (၅) ပုလင်း၊ တို့ကို ရောစပ်ပြီး မိနစ် (၃၀) အပူပေးပါ။ (အနည်းငယ်ဆူသည်အထိ) အအေးခံပြီး စစ်ချပါက ဆေးရွက်ကြီးပြုတ်ရည်ကိုရရှိမည်။ ရရှိလာသည့် ဆေးရွက်ကြီးပြုတ်ရည် တစ်ဆလျှင် ရေ (၄)ဆနှုန်း ရောစပ်ပက်ဖျန်းပါ။ ပိုးသတ်စွမ်း ပိုမို ထက်မြက်စေလိုလျှင် မဖောက်ထုံး အနည်းငယ် ရောစပ်ပက်ဖျန်းပါ။ ထိုဆေးရွက်ကြီးပြုတ်ရည်ကို ခူကောင်၊ ကျိုင်း၊ ပင်စည်ထိုးပိုး၊ ရွက်တွင်းပိုး၊ ပျနှင့် သရစ်ပိုးများ ကာကွယ်နှိမ်နင်းရာတွင် လည်းကောင်း၊ ဘဝဖြစ်စဉ် အချို့တစ်ဝက် မြေထဲတွင် နေထိုင်သော ဖြတ်ပိုးကဲ့သို့ အကောင်များ ကာကွယ်နှိမ်နင်းရာတွင် လည်းကောင်း အသုံးပြုသည်။

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၄ နှစ် က

တကြိမ်ဖျန်းစာ​လောက်သာ​ဖျော်ပါရန်

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၄ နှစ် က
You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။