လက်ရှိအချိန်ထိတစ်နိုင်ငံလုံး ပန်းနှမ်းစိုက်ဧကနှင့် ရှမ်းပြည်နယ် ပန်းနှမ်းစိုက်ဧက သိချင်လို့ပါခင်ဗျ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၁၂၀ ရက်
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ စာရင်းအရ 2021 ခုနှစ်၊ ပန်းနှမ်း ရည်မှန်းစိုက်ဧကအနေဖြင့် (343,915)ဧက၊ ရိတ်ဧက (343,915)၊ အထွက်နှုန်း (10.94)တင်း ဖြစ်သည့်အတွက် ပန်းနှမ်းအထွက်တင်းပေါင်း (3,763,310) တင်း ဖြစ်ကြောင်း သိရှိရပါသည်။ (21.1.2021)ရက်နေ့ ပြည်တွင်း စျေးကွက်တွင် ဖြစ်ပေါ်နေသော ပန်းနှမ်းစျေးနှုန်းများမှာ မန္တလေး - ၁၀၂၀၈၀၀/- ကျပ် တောင်ကြီး - ၉၇၉၈၀၀/- ကျပ် ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ ပန်းနှမ်း ပြည်ပတင်ပို့မှု အခြေအနေမှာ 2019-2020 ဘဏ္ဍာနှစ်တွင် တန်ချိန်(10,797.350) တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (7.002)သန်း တင်ပို့နိုင်ခဲ့ပါသည်။ 2020-2021 ဘဏ္ဍာနှစ် (1.10.2020 မှ 8.1.2021) ရက်နေ့ထိ ပြည်ပနိုင်ငံများသို့ ပန်းနှမ်း တန်ချိန် (152) တန်၊ တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာ (0.122)သန်း တင်ပို့နိုင်ခဲ့ကြောင်း လေ့လာသိရှိရပါသည်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပန်းနှမ်းမျိုးစေ့ကိုရန်မှာ ဘယ်မှာဝယ်လို့ရလဲခင်ဗျ..စျေးနှုန်းလေးသိပါရစေ
ဖြေကြားချက် 1 ခု
ပန်းနှမ်းအသုံးဝင်ပုံ
ဖြေကြားချက် 2 ခု
ရာဘာနှင့်တွဲဖက်စိုက်နိုင်သော အသီးအနှံအပင်များကို ပြောပြပေးပါ။
ဖြေကြားချက် 1 ခု
ပန်းနှမ်းစိုက်ပျိုးနည်းအပြည့်အစုံ
ဖြေကြားချက် 1 ခု
သက်တမ်းအတိုဆုံးသက်တမ်းနုသက်ယဉ်နှမ်းမျိုးပြောပြပါ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။