အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
U Hlaing
U Hlaing 2,332
လွန်ခဲ့သော ၃ နှစ် က · တိုက်ကြီး

အပင်ကိုင်းဆက်တာမှာ လက်ခံပင်နဲ့ မျိုးတူကိုင်း ဆက်တာ မအောင်မြင်တာဘာကြောင့်ပါလဲ ပလတ်စတစ်အိတ်နဲ့ ငုံပြီးစည်းထားရသေးတာလား ဆက်တဲ့ကိုင်းပဲ သေနေလို့ ဘာလိုအပ်လို့လဲဗျ

စိုက်ပျိုးနည်း သပြေ

ဖြေကြားချက် ၂ ခု

U Thet Lwin
U Thet Lwin အတည်ပြုပြီး 167,506 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

အပင်ကိုင်းဆက်ခြင်း မှာ လူအများထင်သလောက် မလွယ်ကူပါဘူး ကိုင်းဆက်တာမှာ အောက်ခံပင်နှင့် ဆက်သည်ကိုင်း အရွယ်အစား တူညီခြင်း မတူညီခြင်း၊ ကိုင်းအနူအရင့်၊ ဒါးချက်၊ ထိစပ်ရမည့် အခြေအနေတွေက အရေးကြီးပါတယ်။ အထူးသဖြင့် အောက်ခံပင်မှာ ခွဲပီး သပ်သွင်း ကိုင်းဆက်ရာမှာဖြစ်ပါတယ်။ ဆက်တဲ့ကိုင်း သေရခြင်းမှာ ♥ မျိုးကိုင်း နူလွန်းခြင်း ရင့်လွန်းခြင်း(မျိုးကိုင်းရွေးချယ်မှု မမှန်ကန်ခြင်း) ♥ ကိုင်းဆက်ပတ်တီးမှ ရေဝင်ခြင်း ♥ ဒါးချက် မညီညာခြင်း ♥ ထိစပ်ရမည့် အပေါ်ယံလွှာခြင်း မထိမိခြင်း ♥ ရေဓာတ်ဆုံးရှုံးမှု ရှိခြင်း တို့ကြောင့် ဖြစ်ပါတယ်။ ♥ ကိုင်းဆက်နေရာမှ ရေမဝင်ရန် လိုအပ်သလို ကိုင်းဆက်ပြီးလျင် ရေဓာတ်လိုအပ်၍ ရေဖြန်းပေးရန် လိုအပ်ပါတယ်။ ♥ ရေဓာတ်ဆုံးရှုံးမှု မရှိအောင် အိတ်စွပ်ပေးရတာပါ။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,595 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

မျိုးကိုင်း ရင့်လွန်း နုလွန်းရင်လဲ မ​အောင်ပါ။ ဓါးချက် မ​ကောင်းရင် မ​အောင်ပါ။ နည်းစနစ်မကျရင် မ​အောင်ပါ။ လပ်စတစ်အိတ်စွပ်စရာ မလိုပါ။ သစ်ရည်တက်ချိန်၊ရွက်နုထွက်ချိန် ကူးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။