ဖြေကြားချက် ၁ ခု
ဂန္ဓမာပန်းများကို စိုက်ခင်းများ၊ မှန်လုံအိမ်များ နှင့် အိုးများထဲတွင် စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် စိုက်ခင်းများဖြင့် အများဆုံး စိုက်ပျိုးကြသည်။ မိမိလိုချင်သော ပန်းပွင့်အနေအထားပေါ် မူတည်ပြီး ပင်ကြားအကွာအဝေး ၈ လက်မ မှ ၁၈-၂၄ လက်မ ထား၍ စိုက်ပျိုးကြပါသည်။ မိမိ စိုက်ပျိုးထုတ်လုပ်ရန် ရည်ရွယ်သော ပန်းပွင့်အမျိုးအစား တစ်ပွင့်တည်းကြီး၍ အရည်အသွေး ရှိသောပန်း၊ ပဒေသာ အခိုင်လိုက် အပွင့်များသော ပန်းခိုင်များ စသဖြင့် ရရှိလိုသော ပန်းအနေအထား မူတည်ခြင်းဖြစ်သည်။ စိုက်ပျိုးမည့်မြေနေရာအား ထယ်နှစ်စပ်ထိုး၍ စိုက်ဘောင်များကို ပြင်ဆင်ရပါမည်။ ကောင်းစွာဆွေးမြေ့ သော သဘာဝမြေဆွေးများကို မြေပြင်ချိန်တွင် မိမိမြေ အမျိုးအစားပေါ် မူတည်ပြီး ထည့်ပေးရန် လိုအပ်ပါသည်။ မြေခံအဖြစ် N:P:K ဓာတ်မြေဩဇာတွင် P နှင့် K များသော ဓာတ်မြေဩဇာ ထည့်ပေးရန် လိုအပ်ပါသည်။ဂန္ဓာပန်းစိုက်ပျိုးနည်းအကြောင်းအပြည့်အစုံကိုအောက်ပါLinkတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ့။ https://greenwaymyanmar.com/posts/Cultivation_of_Chrysanthemun
ဆက်စပ်မေးခွန်းများ