အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
58
လွန်ခဲ့သော ၈ နှစ် က · ဖျာပုံ

မြေအချ ဉ်ပေါက်လို့ဒေသအခေါ ်သမန်းဝဲစားတဲ့လယ်ထုံးထည့်ရမည်ပြောတယ်ဘယ်လောက်ထည့်ရမလဲသိချင်ပါတယ်မိုးစပါးရေမြု ပ်ကြဲ...

မြေအချ ဉ်ပေါက်လို့ဒေသအခေါ ်သမန်းဝဲစားတဲ့လယ်ထုံးထည့်ရမည်ပြောတယ်ဘယ်လောက်ထည့်ရမလဲသိချင်ပါတယ်မိုးစပါးရေမြု ပ်ကြဲလို့မရတာ၃နှစ်ရှိပြီဆောင်းစပါးအဆင်ပြေပါတယ်

2

ဖြေကြားချက် ၂ ခု

1,162 လွန်ခဲ့သော ၈ နှစ် က

မိုးများတဲ့ဒေသမှာမြေချဉ်တာကတော့ ပုံမှန်ပါဘဲ ထုံးထည့်မယ်ဆိုရင် ဖောက်ထုံးဆို တစ်ဧက ပိသာ ၆၀၀ မဖောက်ထုံးဆိုရင် ပိသာ ၂၀၀ ပါ ဒါပေမယ့် ငွေကြေးအနေနဲ့အရမ်းများပါတယ် နှစ်စဉ် ကိုထည့်နိုင်သလောက်ကို စပါးမစိုက်မီ တစ်လအလိုလောက်မှာ ကြဲပြီး ထည်ထိုးမြေမြှတ်ပေးပါ သမန်းဝဲစားတယ်ဆိုတာက ရေမြုတ်တဲ့လယ်တွေမှာ မြေကြီးအပူချိန်များတဲ့အတွက်စပါးအပင်ပေါက်က သမန်းအပူချိန်ကိုမခံနိုင်လို့သေသွားတာပါ ဒေသအလိုက်ခံနိုင်ရည်ရှိတဲ့မျိုးတွေကို စိုက်ပျိုးပါ စပါးမျိုးအုပ်ပြီး အပင်ထွက်လာတဲ့အချိန်မှာချက်ချင်းမကြဲပါနဲ့ အခင်းတစ်ခုခုပေါ်မှာဖြန့်ထားပြီး မျိုးညှောင့် လက်မဝက်အရှည်အစိမ်းရောင်သမ်းလာသည်အထိထားပါ ပြီးမှ ကြဲပါ ရေမြုတ်ဒါဏ်ကို ၁၀ရက်လောက်ထိ ခံနိုင်ရည်ရှိပါတယ် သတိထားဖို့က သမန်းကိုကောင်းအောင်ဂရုစိုက်ပါ

27,452 လွန်ခဲ့သော ၈ နှစ် က

မြေချဉ်တာမှန်တယ်ဆိုရင်တော့ ဒီလင့်ခ် လေးကို လေ့လာပေးပါဗျ https://greenwaymyanmar.com/posts/alkaline-problems

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။