ဖြေကြားချက် ၃ ခု
သီဟိုဠ်ပင်သည် သဲဆန်သောမြေနှင့် သဲနှုန်းမြေ များတွင် ကောင်းစွာ ရှင်သန်နိူင်ပါသည်။ pH 5.5 - 7.5 ရှိသောမြေတွင် စိုက်ပျိုးသင့်ပြီး pH 8 ထက် ကျော်လွန်သောမြေများတွင် စိုက်ပျိုး၍ မရနိုင်ပါ။
သီဟိုဠ်သရက်ပင်သည် အီကွေတာ၏ မြောက်ဖက် ၂၇°နှင့် တောင်ဖက် ၂၈°အတွင်း ပေါက်ရောက် သော်လည်း မြောက်ဖက်နှင့် တောင်ဖက် ၁၅° အတွင်းသာ အကောင်းဆုံးဖြစ်ထွန်းသည်။ ပင်လယ်ရေမျက်နှာပြင်အထက်ပေ ( ၂၃၀၀-၂၅၀၀ )အထိ ပေါက်ရောက်နိုင်သော်လည်း အမြင့်ပေ ( ၅၀၀)အောက်တွင်သာစိုက်ပျိုးရန်သင့်တော်သည်။ တနှစ် မိုးရေချိန်လက္မ ( ၆၀ - ၁၀၀ )ခန့် လိုအပ်ပြီး ပျမ်းမျှ အနိမ့်ဆုံးအပူချိန်( ၁၅-၁၈ )°စင်တီဂရိတ်နှင့် အမြင့်ဆုံးအပူချိန် ( ၃၂-၃၇)°စင်တီဂရိတ်ရရှိပါကကောင်းစွာဖြစ်ထွန်းသည်။ အပွင့်ပွင့်ချိန်တွင် ၁၈°စင်တီဂရိတ်အောက် ရက်ကြာရှည်ပါက အပွင့်များ ပျက်ဆီးတက်သည်။ သီးကင်းဝင်ချိန်တွင်အပူချိန် ၃၉°စင်တီဂရိတ်ထက် ကျော်လွန်သွားကအသီးကင်းများ ကျွေကျတက်သည်။သီဟိုဠ်သရက်ပင်သည်မြေသားထူပြီး နုန်းမြေနှင့် သဲဆန်သောနုန်းမြေများတွင် ဖြစ်ထွန်းသည်။ မြေသားထု အထူ ၃ပေခွဲ မှ ၅ ပေခန့်အထိ ရှိသင့်သည်။ ရေမဝပ်သော PH ( ၅ မှ ၅.၆ )အတွင်းရှိမြေကို နှစ်သက်သည်။ နေရောင်ခြည် အပြည့်အဝရရှိရန်လည်းလိုအပ်သည်။
ဆက်စပ်မေးခွန်းများ
သီဟိုဠ် ရှောက်ရွက် ကနခိုအစေ့ ၀ယ်သူများရှိရင် စျေးနှုန်းနှင့်အတူ မန့်ပေးကြပါ
ဖြေကြားချက် 1 ခု
အသီးတွေ အခုလိုဝါပြီးကြွေကျကုန်တယ်ခဗျ ဘာဖြစ်တာလည်း ဘယ်လိုလုပ်ရမလည်း ခဗျ
ဖြေကြားချက် 2 ခု
ကျနော့သီဟိုဠ်အသီးမကျသေးလို့ဘာဆောင်ရွက်ပေးရမလဲခင်ဗျ
ဖြေကြားချက် 0 ခု
မဂ်လာပါ ဆရာတို့၊ သီဟိုဠ်သရက်ပင် တပင်ကို အစေ့ ဘယ်နပိသာလောက်ထွက်နိုင်ပါသလဲခင်ဗျာ။
ဖြေကြားချက် 3 ခု
သီဟိုလ် နဲ့ပတ်သတ်လို့မေးပါရစေ။ ကျနော် သီဟိုလ်သည်။ အဖူးလိုင်လိုင်ပွင့်ပြီးမှ အခုအချိန်တွင် အပွင့်များမဲနေသည်ကို...
ဖြေကြားချက် 2 ခု