ရေဘဝဲခရမ်းချဥ်သီး ပင်ကို ပိုမြင့်အောင် အပင်ကြီးလာအောင် ဆိုပြီးအကိုင်းအခတ်ကို လက်သည်းနဲ့ဆိတ်ဖြတ်လိုက်တယ် အပင်၏ အစာချက်မှုကို ထိခိုက်နိုင်ပါသလား
သာမန်အမြင်အရ အပင်ရဲ့ အကိုင်းအခက် များအား ဖြတ်တောက်လျင် အပင်မြင်တက်လာသည်လို့ ရှုမြင်ကြတာပါ အမှန်က အရွက်တစ်ရွက်သည် အစာစချက်၍ ရသည့်အချိန် ရှိသလို မချက်နိူင်သေးသည့်အချိန် ရှိပါတယ် အစာချက်နေသည့် အရွက်အား ဖယ်ရှား လိုက်သည့်အခါ ထိုအရွက် အပေါ်ရှိ အရွက်သည် အစာချက်နိူင်သည့် အခြေအနေ မရှိ၍ နောက်ထပ် အရွက်သစ်ထပ်မံ ထွက်ပေါ်စေပြီး အောက်တွင် ရှိနေသော အရွက်အား အစာချက်စေရပါတယ်၊ ထိုသိုမလုပ်ဆောင်နိူင်ပါက အစာမချက်လုပ်နိူင်ဘဲ အပင်သေဆုံးပါလိမ့်မည်။ သို့ဖြစ်၍ အပင်ငယ်စဉ် အပင်မြင့်စေရန် အောက်အရွက်ဖြတ်ပြီး အပင်မြင့်တက်အောင် လုံးဝမလုပ်ဆောင်သင့်ပါဘူး။ ပျိုးပင်ငယ်ကြီးထွားမှုကောင်းရန် အတွက် စပ်မြေတွင် မြေခံအဟာရ ထည့်သွင်းပြီးမှ ပျိုးထောင်ရန် လိုအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ခရမ်းချဥ်ပင်တွေ အပွင့်တွေပွင့်နေပါပြီ။ အသီးတင်ရန် သားတက်ဖဲ့ပေးရတယ်လို့တော့ကြားဖူးပါတယ်။ သားတက်ဖဲ့တယ်ဆိုတာ...
ဖြေကြားချက် 5 ခု
မြေချဥ်ငန် ph ဘယ်လောက်ဆိုရင် အပင်ပေါက်နိုင်လည်း
ဖြေကြားချက် 3 ခု
ခရမ်းချဥ်သီးမျိုးစေ့ကို အုန်းရည်စိမ်ပြီးစိုက်ရင် ပိုကောင်းတယ်ပြောတယ် ဘယ်နှစ်ရက် စိမ်ရမှာလဲ
ဖြေကြားချက် 3 ခု
ရေဘဝဲ ခရမ်းချဥ်သီးကို အပင်ပိုမြင့်လာအောင် အပင်အကိုင်းအခတ်ကို လက်သည်းနဲ့ဆိတ်ဖြတ်လိုက်တယ် အပင်အစာချက်မှုကို ထိ...
ဖြေကြားချက် 2 ခု
ရေဘဝဲခရမ်းချဥ်သီးပျိုးပင်များ၏ အပင်ခြေရင်း 1 လက်မအကွာ သို့မဟုတ် လက်မဝက်အကွာ ကျင်းနည်းနည်းတူးပြီး ပုလဲမြေသြဇာ...
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။