အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Ya Wai Hlaing
Ya Wai Hlaing 11,243
လွန်ခဲ့သော ၃ နှစ် က · လက်ပံတန်း

ဆရာတို့ရေ ကူညီပါအုံးဗျာ ငရုတ်ပင်က အပင်တွေတော်တော်များများလိပ်နေလို့ပါဗျာ ဘယ်လိုလုပ်ရမလဲပြန်ကောင်းအောင်လမ်းညွှန်ပါအုံး ဗျာ

ပိုးမွှားရောဂါ ငရုတ်သီး ငရုတ်အရွက်လိပ်ပြဿနာ
Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၂၇ ခု

Ya Wai Hlaing
Ya Wai Hlaing 11,243 လွန်ခဲ့သော ၃ နှစ် က

ဆေးတွေက ဆေးအုပ်စုက တော်တော်များများတူနေလို့ ပါဗျာ ဆရာပြောတဲ့ ဆေးရဲ့ ဆေးပုံလေးတွေ ရှိရင် ပြပေးလို့ရမလားဗျ ဆေးအုပ်စုတူနေတော့ မှားပြီးဝယ်မိ ဖျန်းမိမှာ စိုးလို့ဗျ

Ya Wai Hlaing
Ya Wai Hlaing 11,243 လွန်ခဲ့သော ၃ နှစ် က

ဆေးပုံတွေ ရှိရင်ပြပေးပါ့လားဆရာ

Ya Wai Hlaing
Ya Wai Hlaing 11,243 လွန်ခဲ့သော ၃ နှစ် က

ဆရာ ဆေးအုပ်စုက အတူတူပဲဗျ အခုပုံထဲက ဒယ်ဗလယ်ကို အဘာမက်တင်အဖြစ် အသုံးပြုပြီး အဆီတာမီပရစ်နဲ့ ရောဖျန်းလို့ရလားဗျ

Ya Wai Hlaing
Ya Wai Hlaing 11,243 လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့ဆရာ အဘာမက်တင်နဲ့အဆီတာမင်ပရစ် ဖျန်းပြိးရင် အလှည့်ကျအနေနဲ့ ပိုင်ရီဒါဘင်နဲ့ ဝမ်းဒါးဆေး ကို အလှည့်ကျ ၇ရက်တစ်ပတ်လှည့်ဖျန်းလို့ရလားဗျ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,592 လွန်ခဲ့သော ၃ နှစ် က

ရပါတယ်..ဖျန်းပါ

Ya Wai Hlaing
Ya Wai Hlaing 11,243 လွန်ခဲ့သော ၃ နှစ် က

ပုံထဲက ပြထားတဲ့အပင်ကို အခုပြောတဲ့ အဘာမက်တင်နဲ့အဆီတာမီပရစ် ရောဖျန်းလို့ရလားဆရာ အခုဖျန်းမလို့ပါ

Ya Wai Hlaing
Ya Wai Hlaing 11,243 လွန်ခဲ့သော ၃ နှစ် က

အဘီမာတင်နဲ့ အဆီတာမီပရစ်က မဖျန်းရသေးဘူးဆရာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,592 လွန်ခဲ့သော ၃ နှစ် က

ရှေ့က အဘာမက်တင်နဲ့ အဆီတာမိပရစ် ဖျန်းထားပြီးပြီဆို​တော.. ထပ်ဖျန်းလို့အဆင်မ​ပြေဘူး အခြားမွှားပင့်ကူ​​ဆေးဆိုတာ. ပိုင်ရီဒါဘင်(ပံသာ)လို ​ဆေးကို​ပြောတာ..​နော် အဲဒါကို စွဲကပ်​ဆေး(​ဘတ်ဒီ/ဝမ်းဒါး/..) တွဲဖျန်းပါ

Ya Wai Hlaing
Ya Wai Hlaing 11,243 လွန်ခဲ့သော ၃ နှစ် က

ဆရာပြောတဲ့ အဘီတာမင် + အဆီတာမီပရစ် နှစ်မျိုးဝယ်ပြီးဖျန်းလိုက်မယ်လေ ဆရာ ရလား မွှားပင့်ကူနိုင်တဲ့ဆေးလို့မေးရင် ဆေးဆိုင်ကနားမလည်ဖြစ်နေမှာစိုးလို့ဗျ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,592 လွန်ခဲ့သော ၃ နှစ် က

မွှားပင့်ကူ န်ုင်တဲ့​ဆေးလိူ့ ၊​ဆေးဆိုင်ကို​မေးပါ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,592 လွန်ခဲ့သော ၃ နှစ် က

မလိုအပ်ဘဲ ​ရောဖျန်းသလိုဖြစ်​​ေနတယ်။ ဘူဆန်နဲ့ အမ်-ကာဘို ၂မျိုးထဲက ၁မျိုးရယ်.... ဒိုဇာနဲ့ ​အေစီဂိုး ထဲ၁မျုိးရယ် တွဲရမှာ။ ၄​ယောက်​ပေါင်းမှ၊၂​ယောက်အားဘဲရတယ်။

Ya Wai Hlaing
Ya Wai Hlaing 11,243 လွန်ခဲ့သော ၃ နှစ် က

ဒီလေးမျိုးတော့ရောပြီးဖျန်းတယ် ဆရာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,592 လွန်ခဲ့သော ၃ နှစ် က

တခြားဘာ​ဆေး​တွေဖျန်းထား​သေးလဲ ဟိုမုန်းအား​ဆေးတို့..ဖျန်းမိသလား

Ya Wai Hlaing
Ya Wai Hlaing 11,243 လွန်ခဲ့သော ၃ နှစ် က

ဆရာပြောတဲ့ဆေးပုံလေး ရှိရင်ကူညီပါအုံးဗျယ

Ya Wai Hlaing
Ya Wai Hlaing 11,243 လွန်ခဲ့သော ၃ နှစ် က

ဆရာ အဖေက အဲ့ပုံထဲကဆေးလေးမျိုးရောဖျန်းတာရော အဆင် ပြေလားဗျ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,592 လွန်ခဲ့သော ၃ နှစ် က

မွှား​တွေကျ​နေတာ မွှားသတ်​ဆေးဖျန်းပါ ပိုင်ရီဒါဘင်အုပ်စု(ပံသာ) သို့မဟုတ် အဘာမက်တင်+ အဆီတာမီပရစ် ဖျန်းပါ

Ya Wai Hlaing
Ya Wai Hlaing 11,243 လွန်ခဲ့သော ၃ နှစ် က

အပင်အကောင်းကြီးကနေ အရွက်တွေ လိပ်ကုန်သလိုဖြစ်သွားတာဗျ

Ya Wai Hlaing
Ya Wai Hlaing 11,243 လွန်ခဲ့သော ၃ နှစ် က

ကြည့်ပါအုံးဆရာတို့ရယ်

Ya Wai Hlaing
Ya Wai Hlaing 11,243 လွန်ခဲ့သော ၃ နှစ် က
Ya Wai Hlaing
Ya Wai Hlaing 11,243 လွန်ခဲ့သော ၃ နှစ် က

ဒီလိုအပင်အရွက်တွေငြှိုးပြိး သေတာတွေရော စုံနေတာပဲဗျာ

Ya Wai Hlaing
Ya Wai Hlaing 11,243 လွန်ခဲ့သော ၃ နှစ် က

ကြည့်ပါအုံး ဗျာ

Ya Wai Hlaing
Ya Wai Hlaing 11,243 လွန်ခဲ့သော ၃ နှစ် က

အဲ့မှာ ဆရာပြောတဲ့၇ရက်တစ်ကြိမ်လှည့်ဖျန်းရမဲ့ ဆေးက ဘာဆေးလဲဗျ နောက်ပြီးစုပ်စားပိုးအတွက် ဘာဆေးဖျန်းရမလဲ ကူညီပေးပါအုံးဗျာ

Ya Wai Hlaing
Ya Wai Hlaing 11,243 လွန်ခဲ့သော ၃ နှစ် က

ကြည့်ပါအုံး ဗျာ

Ya Wai Hlaing
Ya Wai Hlaing 11,243 လွန်ခဲ့သော ၃ နှစ် က

အခု အပင်ပိုးကျနေတာကို ပုံထဲက အားဆေးဖျန်းမှာ ရလားဆရာတို့ရေ

Ya Wai Hlaing
Ya Wai Hlaing 11,243 လွန်ခဲ့သော ၃ နှစ် က

ကူညီပါအုံးဗျာ 🙏🙏🙏🙏🙏

Ya Wai Hlaing
Ya Wai Hlaing 11,243 လွန်ခဲ့သော ၃ နှစ် က

ပြန်ကောင်းအောင်ဘာလုပ်ရမလဲဗျာ

Ya Wai Hlaing
Ya Wai Hlaing 11,243 လွန်ခဲ့သော ၃ နှစ် က

အပင်အရွက်တွေလိပ်နေတာဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။