အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,218
လွန်ခဲ့သော ၈ နှစ် က · လေးမျက်နှာ

ပဲတီးစိမ်းစိုက်နည်းနဲ့ရောဂါကာကွယ်နည်းလမ်းလေများသိပါရစေခင်ဗျ အကိုတို့တွေအလင်းပြပေးပါ သင်ဆရာများအားလုံးကိုကျေး...

ပဲတီးစိမ်းစိုက်နည်းနဲ့ရောဂါကာကွယ်နည်းလမ်းလေများသိပါရစေခင်ဗျ အကိုတို့တွေအလင်းပြပေးပါ သင်ဆရာများအားလုံးကိုကျေးဇူးပါ

စိုက်ပျိုးနည်း ပဲတီစိမ်း ပဲတီစိမ်းစိုက်ပျိုးနည်း
1

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၈ နှစ် က

၁။ ပိုးမွှား ရောဂါဒဏ်ခံနိုင်သော ဈေးကွက်ဝင် အထွက်ကောင်းမျိုးကို ရွေးချယ်ပါ။ (ဉပမာ-ရေဆင်း-၉၊ ရေဆင်း -၁၁၊ ရေဆင်း-၁၄)၂။ အပင်ပေါက်ရာခိုင်နှုန်း (၇၅-၈၅) ရှိသည့် မျိုးကို စိုက်ပျိုးပါ။ ၃။ မြေချဉ်ငံဓာတ် (၅.၅-၆.၅) ရှိပြီး ရေမဝပ်သည့် စနယ်မြေစေး၊ နှံးသမမြေများတွင် စိုက်ပျိုးပါ။ ၄။ မိုးကြို၊ မိုးနှောင်းရာသီတွင် အပင်ဉီးရေ (၁၃၀၀၀၀) ရရှိရန် တန်းကြားပင်ကြား (၁၂ လက်မ x ၄ လက်မ) ခြား၍ မျိုးစေ့နှုန်း (၆-၈) ပြည် သုံးစွဲပါ။ ၅။ မိုးရာသီတွင် အပင်ဉီးရေ (၈၇၀၀၀) ရရှိရန် တန်းကြား ပင်ကြား (၁၈ လက်မ x ၄ လက်မ) ခြား၍ မျိုးစေ့နှုန်း (၄-၆) ပြည် သုံးစွဲပါ။ ၆။ မြန်မာပြည်အထက်ပိုင်းတွင် မိုးကြိုရာသီတွင် ဖေဖော်ဝါရီလလယ်မှ မတ်လလယ်၊ မိုးရာသီ၌ မေလလယ်မှ သြဂုတ်လလယ်များတွင် စိုက်ပျိုးပါ။ ၇။ မြန်မာပြည်အောက်ပိုင်းတွင် မိုးနှောင်းသီးထပ်အဖြစ် စိုက်ပျိုးပါက အစိုဓာတ်မီစေရန် နိုဝင်ဘာလတွင်းအပြီး စိုက်ပျိုးပါ။ ၈။ မြေပြင်ချိန်တွင် တစ်ဧက နွားချေး (၁၀၀-၁၅၀) တင်း၊ ပုလဲ (၈) ပြည်၊ တီစူပါ (၂၄) ပြည်၊ ပိုတက်ရှ် (၁၂) ပြည်နှုန်း ထည့်ပေးပါ။ ၉။ ဂျစ်ပဆန်မြေသြဇာကို စိုက်ချိန်တွင် တစ်ဧက ပြည် (၂၀) နှုန်း ထည့်ပေးပါ။ ၁၀။ မြေအောင်းပိုးကာကွယ်ရန် တစ်ဧက လျှင် ဖျူရာဒါန် (၅-၆) ထုပ်ကို စိုက်ကြောင်းတွင် ထည့်ပါ။ ၁၁။ အပင်နှစ်ပတ်သားမှ ပန်းပွင့်ချိန်အထိ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။ ၁၂။ အဝါရောင် မှိုစေ့ (ပင်ဝါ) ရောဂါမဖြစ်စေရေးအတွက် ၎င်းရောဂါကို ဖြစ်စေသည့် ယင်ဖြူကို ကာကွယ်ရန် နှစ်ပတ်သားမှ စ၍ ပင်လုံးပြန့် အာနိသင် ရှိသည့် ပိုးသတ်ဆေး တစ်မျိုးမျိုးဖြန်းပါ။ ၁၃။ ပန်းပြချိန်မှ သီးကင်းဝင်ချိန်အတွင်း ပုလဲ+လက်ချား ဖျော်ရည်ကို တစ်ဧက (၅-၆) ပုံး ဖျန်းပါ။ (ရေတစ်ဂါလံတွင် ပုလဲ ဟင်းစားဇွန်း (၄) ဇွန်း၊ လက်ချား ဟင်းစားဇွန်း (၁) ဇွန်း ထည့်ပါ။ ၁၄။ သီးတောင့်များ အဝါရောင်/အညိုရောင်များပြောင်းချိန်နှင့် သီးတောင့်အတွင်း အစေ့မာချိန်တွင် ရိတ်သိမ်းရမည်။၁။ ပိုးမွှား ရောဂါဒဏ်ခံနိုင်သော ဈေးကွက်ဝင် အထွက်ကောင်းမျိုးကို ရွေးချယ်ပါ။ (ဉပမာ-ရေဆင်း-၉၊ ရေဆင်း -၁၁၊ ရေဆင်း-၁၄)၂။ အပင်ပေါက်ရာခိုင်နှုန်း (၇၅-၈၅) ရှိသည့် မျိုးကို စိုက်ပျိုးပါ။ ၃။ မြေချဉ်ငံဓာတ် (၅.၅-၆.၅) ရှိပြီး ရေမဝပ်သည့် စနယ်မြေစေး၊ နှံးသမမြေများတွင် စိုက်ပျိုးပါ။ ၄။ မိုးကြို၊ မိုးနှောင်းရာသီတွင် အပင်ဉီးရေ (၁၃၀၀၀၀) ရရှိရန် တန်းကြားပင်ကြား (၁၂ လက်မ x ၄ လက်မ) ခြား၍ မျိုးစေ့နှုန်း (၆-၈) ပြည် သုံးစွဲပါ။ ၅။ မိုးရာသီတွင် အပင်ဉီးရေ (၈၇၀၀၀) ရရှိရန် တန်းကြား ပင်ကြား (၁၈ လက်မ x ၄ လက်မ) ခြား၍ မျိုးစေ့နှုန်း (၄-၆) ပြည် သုံးစွဲပါ။ ၆။ မြန်မာပြည်အထက်ပိုင်းတွင် မိုးကြိုရာသီတွင် ဖေဖော်ဝါရီလလယ်မှ မတ်လလယ်၊ မိုးရာသီ၌ မေလလယ်မှ သြဂုတ်လလယ်များတွင် စိုက်ပျိုးပါ။ ၇။ မြန်မာပြည်အောက်ပိုင်းတွင် မိုးနှောင်းသီးထပ်အဖြစ် စိုက်ပျိုးပါက အစိုဓာတ်မီစေရန် နိုဝင်ဘာလတွင်းအပြီး စိုက်ပျိုးပါ။ ၈။ မြေပြင်ချိန်တွင် တစ်ဧက နွားချေး (၁၀၀-၁၅၀) တင်း၊ ပုလဲ (၈) ပြည်၊ တီစူပါ (၂၄) ပြည်၊ ပိုတက်ရှ် (၁၂) ပြည်နှုန်း ထည့်ပေးပါ။ ၉။ ဂျစ်ပဆန်မြေသြဇာကို စိုက်ချိန်တွင် တစ်ဧက ပြည် (၂၀) နှုန်း ထည့်ပေးပါ။ ၁၀။ မြေအောင်းပိုးကာကွယ်ရန် တစ်ဧက လျှင် ဖျူရာဒါန် (၅-၆) ထုပ်ကို စိုက်ကြောင်းတွင် ထည့်ပါ။ ၁၁။ အပင်နှစ်ပတ်သားမှ ပန်းပွင့်ချိန်အထိ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။ ၁၂။ အဝါရောင် မှိုစေ့ (ပင်ဝါ) ရောဂါမဖြစ်စေရေးအတွက် ၎င်းရောဂါကို ဖြစ်စေသည့် ယင်ဖြူကို ကာကွယ်ရန် နှစ်ပတ်သားမှ စ၍ ပင်လုံးပြန့် အာနိသင် ရှိသည့် ပိုးသတ်ဆေး တစ်မျိုးမျိုးဖြန်းပါ။ ၁၃။ ပန်းပြချိန်မှ သီးကင်းဝင်ချိန်အတွင်း ပုလဲ+လက်ချား ဖျော်ရည်ကို တစ်ဧက (၅-၆) ပုံး ဖျန်းပါ။ (ရေတစ်ဂါလံတွင် ပုလဲ ဟင်းစားဇွန်း (၄) ဇွန်း၊ လက်ချား ဟင်းစားဇွန်း (၁) ဇွန်း ထည့်ပါ။ ၁၄။ သီးတောင့်များ အဝါရောင်/အညိုရောင်များပြောင်းချိန်နှင့် သီးတောင့်အတွင်း အစေ့မာချိန်တွင် ရိတ်သိမ်းရမည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။