အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Shoon
လွန်ခဲ့သော ၃ နှစ် က · သာယာဝတီ

မြန်မာနိုင်ငံမှာငှက်ပျောသီးမျိုးစိတ်ပေါင်း ဘယ်လောက်ရှိသလဲ?

စိုက်ပျိုး ဗဟုသုတ ငှက်ပျော

ဖြေကြားချက် ၂ ခု

U Thet Lwin
U Thet Lwin အတည်ပြုပြီး 167,505 လွန်ခဲ့သော ၃ နှစ် က

♥ ဦးစိုးမြင့်ဒွန်း ရေးသားသည့် ဘက်စုံအကျိုးပြု သီးစားပင် ငှက်ပျော စာအုပ်တွင် ငှက်ပျောမျိုးပြားများမှာ လွန်စွာများပြားလှသည်။ အမျိုး ည်ဆင်တူရိုးမှားများတွေ့ရသည်။ ဒေသအလျောက် နာမည်တတ် သော ဓလေ.အခေါ်အဝေါ် ကွဲပြားမှုလည်းရှိ သည်။ မြန်မာ့စွယ်စုံကျမ်းကြီးတွင်မူ လူတို့သိပြီးသောမျိုးပေါင်းမှာ (၇၀)နီးပါး ရှိသည်ဟု ဆိုသည်။ ဒေါက်တာဆလိုင်းသန်းထွန်းကမူ မျိုးပြားပေါင်း(၃၀၀)ထက် ပိုမည်မဟုတ်ကြောင်း ဖော်ပြခဲ့သည်။ တက္ကသိုလ်စာပေးစာယူသင်တန်း ရုက္ခဗေဒ ပို့ချချက်များ” သင်ရိုးအမှတ်(၃ဝ၃)၌ မျိုးစုလေးမျိုး စိတ်(၁၀)မျိုးကို မြန်မာပြည်တွင်တွေ့ရသည်ဟု ဆိုသည်။ ဦးတိုင်းအုပ်၏ ငှက်ပျောဆောင်းပါးတွင် ငှက်ပျောတွင် မျိုးရင်းပေါင်း(၃၂)မျိုးမကရှိပြီး မျိုးစိတ်ပေါင်း (၁၀၀) ခန့်ထိ ရှိသည်ဟု ဆိုထားပါသည်။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,585 လွန်ခဲ့သော ၃ နှစ် က

မြန်မာနိုင်ငံ၌ထင်ရှားသောငှက်ပျောမျိုးမှာ ထောပတ်၊ ရခိုင်၊ နံ့သာပု၊ သီးမွှေး၊ ဖီးကြမ်း၊သူငယ်စာ၊ ပျားရည်ဆမ်း၊ ရသာရုံ၊ မယားမန်၊ ငှက်ပျောချဉ်၊ရွှေနီနှင့် ဝက်မလွတ်တို့ ဖြစ်သည်။ အလုံးအလွန်ကြီးထွားသော ငှက်ပျောမျိုးကို မြန်မာနိုင်ငံတွင် ဆင်အံ သို့မဟုတ်ဗျပ်ပြည့် သို့မဟုတ် မောင်ကြီးပင့်ပါဟု ခေါ်ကြသည်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။