အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၃ နှစ် က

Diammonium phosphateကို ရက်၉၀ နွေစပါး မှို့ကပ်ချိန်မှာ potassium chloride နဲ့ရောစပ်ပီးကျွေးလို့အဆင်ပြေနိုင်မ...

Diammonium phosphateကို ရက်၉၀ နွေစပါး မှို့ကပ်ချိန်မှာ potassium chloride နဲ့ရောစပ်ပီးကျွေးလို့အဆင်ပြေနိုင်မလား။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၉၀ ရက်
အပင်အာဟာရ စပါး စပါးပင်နှင့်အာဟာရ

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က

Diammonium Phosphate(DAP) သည် ရေတွင် ပျော်ဝင်မှု ၅၆% ရှိသော်လည်း အပင်မှ စားသုံးနိုင်ရန် ၁၂-၂၅ ရက်ခန့် အချိန် ပေးရသည့်အတွက် မှိုကပ်ချိန်တွင် မသုံးသင့်ဘဲ Potassium Chloride ကိုသာ သုံးသင့် ပါတယ်။

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ နှစ် က

အဆင်​ပြေနိုင်ပါတယ်။ ​ဖော့စဖိတ် ကို အပင်စားနိုင်ဖို့ ကြာတတ်လို့ ​မြေခံထည့်နိုင်ရင် ပို​ကောင်းပါတယ်။ ခုချိန်​ကျွေးလည်း..မီပါ​သေးတယ်။ အကူန်မစားနိုင်တာ​လောက်ဘဲရှိမှာပါ။။

You

ဆက်စပ်မေးခွန်းများ

စပါးပင်သက်တမ်းက၁လပါ.တချို့လယ်ခွက်တွေမှာစပါးပင်မပွားဘဲ ထိုင်နေလို့ပါ.ဘာကြွေးရင်ကောင်းမလဲဗျ ဆရာတို့

ဖြေကြားချက် 2 ခု

စပါး ၄၀ရက်သား ပုလဲနှစ်ကြိမ်ကျွေးထားတယ် အချိုနေရာကအပင်တွေက အရွက်ကပြာ​ပြီးအပင်မတက်ဖြစ်နေတယ်

ဖြေကြားချက် 2 ခု

ဆရာတို့ခင်မျာ။မြေဩဈေးတွေကြီးလွန်းနေတာကြောင့် သိပ်မသုံးနိုင်ပါဘူး။စပါးကလည်းသိပ်မကောင်းလှပါဘူး။ဖုန်းတုန်းလုံး...

ဖြေကြားချက် 4 ခု

နွေစပါးပျိုးတစ်လသား ကောက်စိုက်ပီး ဘယ်နရက်နေမှ မြေဆီကျဲ အားဆေး ပိုးသတ်ဆေး ဖျန်းလို့ရနိုင်မလဲ။

ဖြေကြားချက် 1 ခု

စပါးပင်က အာဟာရကိုအရွက်ကနေ၂၀% အမြစ်ကနေ၈၀%စုပ်ယူစားသုံးတယ်ဆိုတာ ဟုတ်ပါသလား။

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။