အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Thet Paing Oo
Thet Paing Oo 3,692
လွန်ခဲ့သော ၃ နှစ် က · ထန်းတပင်

တစ်ခုလောက်မေးချင်လို့ပါဗျ ဘူးပင်ကို ဓာတ်မြေသြဇာ အသုံးပြုပြီးစိုက်ချင်လို့ပါ မြေနေရာကတော့ သိပ်မကျယ်ပါဘူး ၁ပေခွဲ x ၂ပေ x ၃ပေ ၁၀ကျင်း တော့တူးထားပါတယ် တစ်ကျင်းကို ဓာတ်မြေသြဇာ ရောဆက်ပုံလေး ပြောပြပေးပါဗျ နောက်ပီး ဘယ်နှစ်ရက်နေရင် တစ်ခါကျွေးရတယ် ဘယ်လောက်အချိုးကျွေးရတယ်ဆိုလေးပါပြောပြပေးပါဗျ ကျေးဇူးတင်ပါတယ်

အပင်အာဟာရ ဘူး

ဖြေကြားချက် ၂ ခု

Thet Paing Oo
Thet Paing Oo 3,692 လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့ ကျေးဇူးပါဗျ

U Thet Lwin
U Thet Lwin အတည်ပြုပြီး 167,506 လွန်ခဲ့သော ၃ နှစ် က

ကွန်ပေါင်း 15R 15း7း8,12း7း5 မြေဩဇာအား တစ်ကျင်းလျင် စတီးဇွန်း ၂ဇွန်းခဲ့ ထည့်ပြီး မစိုက်မီ ၅-၇ ရက်ခန့် စိုက်ကျင်းထဲ ကြိုထည့်ပြီး ရေနှပ်ထားပါ။ ထို့နောက် ပျိုးအိတ်နှင့် ပျိုးထားသော ပျိုးပင်၊ မျိုးစေ့အား မြေချစိုက်ပြီး ၁၅ရက်လျင် တစ်ကြိမ်ခန့် မြေအစိုဓာတ်ရှိချိန် မြေဩဇာအား အပင်ခြေမှ ၆ဘက်မခန့်ခွာ၍ လဘက်စားဇွန်းတစ်ဇွန်း၊ စတီးဇွန်းတစ်ဇွန်း စသည်ဖြင့် တဖြည်းဖြည်း တိုးကြွေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဒီဘူးပင်နဲ့လဲ စိတ်တွေလဲညစ်နေပါပြီ သူကြည့်လိုက်ရင်မမြဲတန်း အပင်အားအရှိသလိုကြီးသီးသမျှကလဲပုတ်ကုန်တာ လွန်ခဲ့တဲ့...

ဖြေကြားချက် 2 ခု

တစ်ခုလောက်မေးချင်လို့ပါဗျ ဒီဘူးသီးက ဘာမျိုးလဲခင်ဗျ မျိုးယူလို့ရလားဗျ

ဖြေကြားချက် 4 ခု

တစ်ခုလောက်မေးခွင့်ပြုပါခင်ဗျ အိမ်မှာ ထမင်းကျန် တွေကိုစိုက်ပျိုးရေးမှာ ဘယ်လိုအသုံးပြုရလည်း ဘာတွေအကျိုးပြုလည်း...

ဖြေကြားချက် 3 ခု

ဆရာတို့ကျွန်တော်ဘူးပင်လေးက အရွက်တွေ ညိုးကုံလို့ အပြစ်ကဆွဲနုတ်လိုက်တာ အမြစ်ကအကုံမပါပဲတစ်ဝက်ကနေရီပြီးပြတ်ပါလာတယ်...

ဖြေကြားချက် 3 ခု

ဘူးသီးလေးတွေက အသီးဖြစ်လာမှ အပေါက်အဝါစက်လေးတွေဖြစ်ပြီး ပုပ်ကုန်တယ်ခင်ဗျ..ဘာရောဂါပိုးလဲ ဘယ်လိုကာကွယ်ရမလဲခင်ဗျာ

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။