ဆရာတို့ခင်ဗျား ကျွန်တော့်မြေသည် အရပ်ဒေသခေါ် ကျစ်တီးမြေ (မြေပိတ်) ဖြစ်နေသည် အခင်းတစ်ခုလုံး မဟုတ်ပါ ယာခင်းမြေသည်...
ဆရာတို့ခင်ဗျား ကျွန်တော့်မြေသည် အရပ်ဒေသခေါ် ကျစ်တီးမြေ (မြေပိတ်) ဖြစ်နေသည် အခင်းတစ်ခုလုံး မဟုတ်ပါ ယာခင်းမြေသည် ညီညာမှုမရှိဘဲ မိုးရေ ဝပ်နိုင်သောနေရာကကောင်းပီး မဝပ်နိုင်သော နေရာလေးတွေက ကျစ်တီးဆန်နေသည် မိုးရေ ဝပ်ခြင်း မဝပ်ခြင်းနှင့် ဆိုင်ပါသလား သိချင်ပါတယ်.နောက်ထပ်တစ်ခုက ဆားပေါက်သလို ဖြူဖြူ လေးတွေ လည်းတွေ့ရသည် မြေနိမ့်ပိုင်းများမတွေ့ရ ပါ ဆားပေါက်ကျစ်တီး ဖြစ်နေလို့ပါ နွားချေး ကြက်ချေး တီကျစ်စာ သီးနှံစိုက်ပျိုးမှု မလုပ်မီ ထည့်သွင်း အသုံးပြုပါမည် ထပ်မံပြီး ဘယ်လိုပြုပြင်ဖို့လိုဦးမလဲသိချင်ပါသည်