အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
5,539
လွန်ခဲ့သော ၃ နှစ် က · ပေါက်

ကြက်သွန်နီ အမြစ်ပုပ်နဲနဲရှိတယ်ဗျာ။မှိုဆေးလည်းသုံးပြီးပါပြီ။ဆယ်တောင်ပတ်လည်‌‌ေလာက်တစ်နေရာထဲကွက်ဖြစ်နေတာပါ။မဆိုစ...

ကြက်သွန်နီ အမြစ်ပုပ်နဲနဲရှိတယ်ဗျာ။မှိုဆေးလည်းသုံးပြီးပါပြီ။ဆယ်တောင်ပတ်လည်‌‌ေလာက်တစ်နေရာထဲကွက်ဖြစ်နေတာပါ။မဆိုစလောက်တော့တွေ့သေးပါတယ်။ကျန်တဲ့‌ေနရာ‌ေတွ‌ေတာ့မဖြစ်ပါဘူး။သံုးသင့်တဲ့မိှုသတ်‌ေဆး‌ေတွလည်းသံုးပြီးပါပြီ။မြေခံမြေဩဇာ၊အပင်သက်တမ်းအလိုက်မြေဩဇာတွေလည်း ကြွေးပြီးပါပြီ။ခု(N,P,K)နဲ့ဟော်မုန်းဆေးတွေမဖြန်းတော့ပါဘူး။နားတာလည်းကြာသွားပါပြီ။အပင်သက်တမ်း(၅၀-ရက်)သားပါ။အပင်ဖြစ်ထွန်းမှု၊အသွားအလာ အကြိုက်နည်းနေလို့ပါ။N,PKနဲ့ဟိုမုန်းရွက်ဖြန်းမဟုတ်တဲ့တခြားရွက်ဖြန်းသုံးရင်အဆင်ပြေနိုင်မလားဗျာ။ဥပမာ-ဖာထရီလွန်ကွန်ဘီ(မြန်မာစံပြ)၊ကယ်လ်စီပလပ်(ဝိစာရ)၊ကလောက်ဒီ(ဩဘာ) တို့လိုပေါ့။ဝယ်ပြီးသားဖြစ်ပြီး မသုံးရဲဖြစ်နေလို့ပါ။အတွေ့အကြုံရှိ ဆရာများ၊ပညာရှင်များ အကြံပြုပေးကြပါခင်ဗျာ။

ဖြေကြားချက် ၂ ခု

5,539 လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျ။ဒို့ဦးလေးကျန်းမာပါစေ၊ချမ်းသာပါစေခင်ဗျာ။

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၃ နှစ် က

ရောဂါအသည်းအသန်မဟုတ်ရင်သုံးသင့်ပါတယ်။ အာဟာရရှိမှ၊ခံနိုင်ရည်ရှိမှာကိုး။ က​လောက်ဒီက အ​အေးလှိုင်းဝင်တုန်း ဖျန်းထားပါ။ ​နေပူရှိန်မြင့်လာရင် မသုံးသင့်​တော့ပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ခေါက်ချိုးတွေကျလာလို့ပါရောကျနိုင်လားခင်ဗျာ ဘယ်လိုဆေးသုံးသင့်လဲခင်ဗျာ မက်တယ်လဇီ+မန်ကိုဇက် (ဗိုက်တာ ဂြိုလ်သား )...

ဖြေကြားချက် 1 ခု

ကျနော်တို့ကြက်သွန်နီခင်းလေးလောင်မီးကြနေပါတယ်ဆရာ ဆရာမတိုဘာဆေးဖျန်းရမလဲဆေးဖျန်းလို့ရနိုင်ရင်ညွန်ပြပေးစေချင်ပါတယ်...

ဖြေကြားချက် 12 ခု

ကြက်သွန်နီ တစ်လသားနှင့်တစ်လသားကျော်အရွယ်။ပေါင်းသတ်ဆေးက(၁၅)ရက်သားလောက်က ဖြန်းတာဆိုတော့။ပေါင်းသတ်ဆေးကြောင့်ဒဏ်မ...

ဖြေကြားချက် 2 ခု

တစ်ခင်းလုံးနီးပါး အဝါရောင်သန်းနေတာပါ ရောဂါကျတာလား ဘယ်လိုကုသ သင့်ပါသလဲ အပင်က တစ်လကျော်သားပါ..ခင်ဗျာ..

ဖြေကြားချက် 1 ခု

ကြက်သွန်ပျိုးပင်ငယ်အလတ်မှာ အဖြူကွက်ပါတာဘယ်လိုရောဂါကျရောက်၍ဘယ်ဆေးအမျိုးအစားကိုသုံးသင့်ပါသလဲဗျ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။