ပြောင်းခင်းအတွက် ပင်ပွားသဘာဝအမြဩဇာ အသုံးပြု့ချင်လို့ အဆင်ပြေပါ့မလားဆရာတို့ အကြံးပြု့ပေးပါအုး
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၁၅ ရက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- အများအားဖြင့် နေသာ
ပဲခူးတိုင်း အနောက်ပိုင်း မို့ ဆရာနဲ့ တိုက်ရိုက်ဆက်သွယ်လို့ရမဲ့ pH ချခဲ့ပေးပါ
ကျေးဇူးတင်ပါတယ်
ဈေးသက်သာရာ မလိုက်ပါနှင့်
စားပြောင်းပါ ဆရာ မြေခံတွက် အဆင်မပြေဘူးလားဆရာ
အစေ့ထုတ်ပြောင်း သည် မြေဩဇာ စားသုံးမှုများသည့် သီးနှံဖြစ်၍ ယခုမြေဩဇာကို မသုံးသင့်ပါဘူး အရည်အသွေး ပြည့်ဝသော ကွန်ပေါင်း ဓာတ်မြေဩဇာ ကိုသာ ဝယ်ယူအသုံးပြုပါလို့အကြံပြုအပ်ပါတယ်
ကောင်းပါတယ်။ သဘာဝမြေသြဇာကတော့ ဖြေးဖြေးမှန်မှန် သွားပါတယ်။ မြေခံမှာ တဧက ၂အိတ်-၃အိတ်နုန်းထည့်ပါ။ အပင်တလသားမှာ ယူရီးယား ကို ရေမသွင်းမီ၊ပါးပါးချင်းကျွေးပေးပါ(အရွက်အရောင် စိမ်းညို့နေရင် ယူရီးယားလျှော့ပါ)
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပြောင်းရွက်လေးတွေ ပုံထဲကလိုဖြစ်တာ ဘာအကြောင်းကြောင့်များဖြစ်မလဲခင်မျာ ။ ရောဂါကြောင့်လား ၊ အာဟာရချို့တဲ့မှု...
ဖြေကြားချက် 6 ခု
မြေနီ မာ ပြောင်းကြဲ ချင်လို့ အဆင်ပြေနိုင်လား ဗျ ကြက်ခြေးအိတ်၁၅၀ ဖြန့်ထားတယ် ၈ဧက လောက်ရှိမယ် အဲမြေမာ တခါမ့မလုပ်...
ဖြေကြားချက် 2 ခု
အစေ့ထုတ်ပြောင်းစိုက်ရင်မြေဖွယ်မှာအဆင်ပြေနိုင်လားဗျာမြေကဖွယ်ပြီးဝါနေတယ်ဖြူနေတယ်အညိုနည်းနည်းပဲပါလို့ကြက်ချေး နဲ့...
ဖြေကြားချက် 2 ခု
နွားအစာ ပြောင်းခင်းအတွက် ငါးအမိုင်နို ပက်ရပါလားခင်ဗျာ ဘယ်နှစ်ရက်သားစပြီး ဘယ်လောက်နှုန်းထားထည့်ပက်သင့်သလဲခင်ဗျာ...
ဖြေကြားချက် 2 ခု
နှစ်စဉ်ပြောင်းကိုကြက်ချေးနှင့်စိုက်ပါသည်ရက်ပေါင်း20ရလျှင်ကြားပေါင်းရှင်းပါမည်၊မြေဩဇာတကြိမ်ပြန်ကျွေး၊ပါမည် အရင်...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။