အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
354
လွန်ခဲ့သော ၃ နှစ် က · ဒဂုံမြို့သစ်အရှေ့ပိုင်း

အခုမှအိမ်နောက်မှာ စိုက်ပျိုးရေးစလုပ်တာပါ။ အတွေ့အကြုံမရှိပါဘူး။ ဟင်းနုနွယ်‌တွေမြေကြီးပေါ်ပျိုးပြီးစိုက်ထားတာ...

အခုမှအိမ်နောက်မှာ စိုက်ပျိုးရေးစလုပ်တာပါ။ အတွေ့အကြုံမရှိပါဘူး။ ဟင်းနုနွယ်‌တွေမြေကြီးပေါ်ပျိုးပြီးစိုက်ထားတာ ပိုးတွေကိုက်နေလို့ပါ။ တမာဆီနဲ့ပိုးသတ်ကြတယ်ဆိုတာဖတ်မိလို့ မနေ့ကတော့ ဩဂဲနစ်တမာရည်ဝယ်ပြီး နည်းနည်းဖြန်းထားပါတယ်။ ဒီနေ့မနက်အရွက်‌ပေါ်မှာ အဲဒီ မည်းမည်းလေးတွေတွေ့လို့။ ဘာလဲမသိဘူး။ ပြီးတော့ အပင်ကိုဘယ်လိုဂရုစိုက်ရမလဲသိချင်လို့ပါ။ မြေဩဇာက နွားချေးပဲထည့်ထားတာပါ။ ကျေးဇူးပြုပြီးကူညီလမ်းပြပေးပါဦးနော်။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၂၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ပိုးမွှားရောဂါ ဟင်းနုနွယ်
Post image
Post image
Post image

ဖြေကြားချက် ၅ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

ပိုး​ချေးပါ။ တမာရွက် စင်းပြီး ​ဆေးရွက်ကြီးနဲ့​ရော၊​ရေတညစိမ်ပါ။ ဆပ်ပြာဆီတဇွန်းထည့်​မွှေပါ။ အရည်စစ်ပြီး ​ဆေးဖျန်းပုံးနဲ့ဖျန်းပါ။ ​ဆေးတပုံး ၁၀၀စီစီ ထည့်ပါ။

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၃ နှစ် က

Tone Tone ဟင်းနုနွယ်ရွက်မှာကျနေဒါရွက် ထွင်းပိုး(leaf. miner)ဖြစ်ပြီး မဲ မဲတွေကပိုးချေးတွေပါအပင်အေက်မှာပုံးနေ တဲ ပိုးကောင်ကိုရှာကြည်.ပါ

354 လွန်ခဲ့သော ၃ နှစ် က

ဪ သဘောပေါက်ပါပြီ။ ကျေးဇူးတင်ပါတယ်။

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ နှစ် က

ပိူးအ​ခြေအ​နေကြည့်ဖျန်းပါ။ များ​သောအားဖြင့်..တခါဖျန်းရင် ၁၀-၁၅ရက် ပိုးမလာပါဘူး။

354 လွန်ခဲ့သော ၃ နှစ် က

ခုလိုပြောပြတာကျေးဇူးပါ။ အဲ့တိုင်းလုပ်ကြည့်လိုက်ပါမယ်။ တစ်ခုသိချင်ပါသေးတယ်။ ဆေးကတစ်ကြိမ်ဖြန်းရင်လုံလောက်ပြီလားမသိဘူး? အကြိမ်အရေအတွက်က ဘယ်လိုမျိုးဖြန်း‌ပေးရလဲရှင့်?

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။