ဖြေကြားချက် ၁ ခု
စပါးခင်း၊ရေလှာင်လည်းကြာတယ်။ မြေကြီးpHကလည်း၅.၅ဝန်းကျင်ဖြစ်မယ်.. မြေကျွံတဲ့လယ်မြေတွေမှာ..စပါးပင် ထိပ်ဖျားတွေနီရဲလာမယ်။ အပင်မတက်ဘူး။ယူရီးယားကျွေးရင် ပိုဆိုးစေတယ်။ရေသွင်းရေထုတ်လည်းမလုပ်နိုင်ရင် ပိုဆိုးတယ်။ အမြစ်ကို နုတ်ကြည့်ရင် အမြစ်သစ်မထွက်ဘဲ နီရဲနေမယ်။ သံချေးနံ့လည်းရတယ်။ ဖြစ်ရခြင်းအကြောင်းရင်းတွေက များပြီး တိုက်ဆိုင်တာများရင် ဖြစ်တာပါဘဲ။ အဓိက အချက်ကတော့ အမြစ်ဇုံမှာ ရေဝပ်ကြာတော့၊ လေမရှုနိုင်ဘဲ၊မြေကြီးထဲက အာဟာရကို အမြစ်က မစားနိုင်တာပါ။ pHကလည်းနိမ့်တော့ သံနဲ့အလူမီနိယံတွေ ကို အမြစ်ကစုပ်ယူနိုင်ပြီး ဖြစ်ရတာပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မြေချဉ်ပြုပြင်တဲ့နေရာမှာ ဒိုလိုမိုက်နဲ့မဖောက်ထုံးဘယ်ဟာကပိုသင့်တော်ပါသလဲ ရှင်းပြပေပါဦး ခဗျာ
ဖြေကြားချက် 3 ခု
စိုက်ပျိုးရေးပညာရှင်များခင်ဗျာ မြေချဉ်ပြုပြင်ရာမှာသုံးတဲ့ ထုံးနိုရည် ultra green ဆိုတာဘယ်လိုဟာမျိုးလဲ ကောင်း...
ဖြေကြားချက် 5 ခု
မတ်ပဲတွေသေလို့ မြေချဉ်လို့ သေရတယ်လို အများပြောနေကြပါတယ် မြေချဉ်လို့စပါးမထိုးမီထုံးထည့်ရမည်ဆ်ုတော့လည်း မြေချဉ်...
ဖြေကြားချက် 5 ခု
pH meter က ဘယ်အမျိုးအစားကောင်းလဲခင်ဗျာ
ဖြေကြားချက် 2 ခု
ဘယ်လိုတိုင်းရလဲ၊ဘယ်လိုကြည့်ရလဲ၊မြေဆီလွှာမှာဘာတွေလိုအပ်လဲသိပါရစေခင်ဗျ
ဖြေကြားချက် 4 ခု