ပုံပါအပင်တွေက virus ၀င်နေတာလားဗျ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၉၀ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အရွက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- အများအားဖြင့် နေသာ
virus ရောဂါမဟုတ်ပါ စုပ်စားပိုးကြောင့်ပါ၊ abamectin အေအိုင် ကို ဈေးကွက်အမည်အဆင်ပြေတာနဲ့ဖျန်း၍ သုံးနိုင်ပါတယ် ၅ ရက်ခန့်ကြာလျှင် အနဲလိုအဟာရပါသောရွက်ဖျန်းမြေဩဇာများကိုကျွေးနိုင်ပါသည်။
virus အဆင့်တော့မရောက်သေးဘူးလို့ထင်ပါတယ်။ငရုတ်မှာအကျများတဲ့ယင်ဖြူ လှေး မွှားပင်ကူ တို့ကြောင့်ရွက်သေးထိုးသွားတဲ့အဆင့်လောက်ပဲရှိမယ်လို့ထင်တယ်။ငရုတ်မှာရွက်သေးထိုးရတဲ့အကြောင်းရင်းကလဲအများပြားရှိပါတယ်ဆာဖာချို့တဲ့ရင်လဲထိုးတတ်ပါတယ်ပိုးကြောင့်ဆိုရင်တော့(ဖစ့်ပရိုနေး ။သိုင်ရာမီသောင်ဇမ်လိုဆေးတေကတော့လှေးနဲ့ယင်ဖြူအတွက်သုံးသင့်ပါတယ်မွှားပင့်ကူအတွက်ကတော့chlorfenapyrကတော့အကောင်းဆုံးပါဗျာ။ပိုးသတ်ဆေးကိုပဲအားကိုးနေလို့မရပါဘူးအပင်အဟာရကိုလဲကျွေးတတ်ရမယ် ပိုတက်တို့ အမိုင်နို တို့အပင်အတွက်ခု့ခံအားကောင်းစေမဲ့အစာတွေလဲကျွေးပေးရပါမယ်ဗျ။ သိသလောက်လေးပါဝင်ဆွေးနွေးပေးတာပါအမှားပါရင်ခွင့်လွှတ်ပါဗျ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ငရုပ်ပျိုးပင်အရပ်၈လက်မလောက်ရှည်ပြီး နေ့ဘက်နွမ်းနေတယ် ခုချိန်ချစိုက်လို့အဆင်ပြေမလား ဘယ်လိုပြင်ဆင်ရင်အဆင်ပြေမလဲဆ...
ဖြေကြားချက် 3 ခု
ပုပ်ပြီးကြွေကုန်လို့ ဘာဆေးသုံးရမလဲ
ဖြေကြားချက် 2 ခု
ဆရာအသီးတေအ့လိုဖြစ်လို့ ဘာဆေးဖျန်းရမလဲ
ဖြေကြားချက် 1 ခု
ဆရာတို့ ကျနော့ငရုတ်ပင်က ထွက်သစ်စ အညွှန့်တွေရဲ့ အရွက်လေးတွေက အစိမ်းပျော့လေးတွေ ဖစ်နေပါတယ် ။ ( ပုံပါအတိုင်း)...
ဖြေကြားချက် 3 ခု
ဘာဆေးသုံးရမလဲ ဗျ အရွက်တေကဝါနေတယ် ရောဂါဝင်နေတာ တခြားအပင်တေရေားကူးစပ်နိုင်လားဗျ ဆေးနည်းပြောပေးကြပါဗျ
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။