ဖြေကြားချက် ၅ ခု
၁။ ပိုးမွှား ရောဂါဒဏ်ခံနိုင်သော ဈေးကွက်ဝင် အထွက်ကောင်းမျိုးကို ရွေးချယ်ပါ။ (ဉပမာ-ရေဆင်း-၉၊ ရေဆင်း -၁၁၊ ရေဆင်း-၁၄)၂။ အပင်ပေါက်ရာခိုင်နှုန်း (၇၅-၈၅) ရှိသည့် မျိုးကို စိုက်ပျိုးပါ။ ၃။ မြေချဉ်ငံဓာတ် (၅.၅-၆.၅) ရှိပြီး ရေမဝပ်သည့် စနယ်မြေစေး၊ နှံးသမမြေများတွင် စိုက်ပျိုးပါ။ ၄။ မိုးကြို၊ မိုးနှောင်းရာသီတွင် အပင်ဉီးရေ (၁၃၀၀၀၀) ရရှိရန် တန်းကြားပင်ကြား (၁၂ လက်မ x ၄ လက်မ) ခြား၍ မျိုးစေ့နှုန်း (၆-၈) ပြည် သုံးစွဲပါ။ ၅။ မိုးရာသီတွင် အပင်ဉီးရေ (၈၇၀၀၀) ရရှိရန် တန်းကြား ပင်ကြား (၁၈ လက်မ x ၄ လက်မ) ခြား၍ မျိုးစေ့နှုန်း (၄-၆) ပြည် သုံးစွဲပါ။ ၆။ မြန်မာပြည်အထက်ပိုင်းတွင် မိုးကြိုရာသီတွင် ဖေဖော်ဝါရီလလယ်မှ မတ်လလယ်၊ မိုးရာသီ၌ မေလလယ်မှ သြဂုတ်လလယ်များတွင် စိုက်ပျိုးပါ။ ၇။ မြန်မာပြည်အောက်ပိုင်းတွင် မိုးနှောင်းသီးထပ်အဖြစ် စိုက်ပျိုးပါက အစိုဓာတ်မီစေရန် နိုဝင်ဘာလတွင်းအပြီး စိုက်ပျိုးပါ။ ၈။ မြေပြင်ချိန်တွင် တစ်ဧက နွားချေး (၁၀၀-၁၅၀) တင်း၊ ပုလဲ (၈) ပြည်၊ တီစူပါ (၂၄) ပြည်၊ ပိုတက်ရှ် (၁၂) ပြည်နှုန်း ထည့်ပေးပါ။ ၉။ ဂျစ်ပဆန်မြေသြဇာကို စိုက်ချိန်တွင် တစ်ဧက ပြည် (၂၀) နှုန်း ထည့်ပေးပါ။ ၁၀။ မြေအောင်းပိုးကာကွယ်ရန် တစ်ဧက လျှင် ဖျူရာဒါန် (၅-၆) ထုပ်ကို စိုက်ကြောင်းတွင် ထည့်ပါ။ ဆောင်းပါးအပြည့်အစုံကိုအောက်ပါလင့်ခ်မှာ လေ့လာပေးပါခင်ဗျ https://greenwaymyanmar.com/posts/cultivation%20of%20green%20gram
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်း ပိုးမွှားရောဂါ ကင်းစင်အောင် စိုက်ချိန်ဘာတွေ ထည့်အသုံးပြရမလည်း ဘာတွေလိုအပ်လဲ
ဖြေကြားချက် 3 ခု
Green way applicationကိုအသုံးပြုနေကျတဲ့ ဦးဦဒေါ်ဒေါ်ကိုကိုမမများမင်္ဂလာပါခင်ဗျာ ကျွန်တော်သိချင်တဲ့အကြောင်းအရာ...
ဖြေကြားချက် 2 ခု
ပဲတီစိမ်းစိုက်ရန်မြေပြုပြင်ခြင်း
ဖြေကြားချက် 3 ခု
ကျမရဲ့လယ်မြေကph 3.9အဆင့်ဘဲရှိပါတယ် အဲဒီမြေထဲကိုဘိလပ်မြေထည့်ရင်ပဲတီစိမ်း စပါးစိုက်လို့အဆင်ပြေပါမလားရှင့်
ဖြေကြားချက် 4 ခု
မြေပြု ပြင်ရန် အတွက် ဘာ တေ လုပ် ဆောင် သင် ပါ သလဲ ခင် ဗျာဘယ်ချိန် လုပ် ဆောင် လို ရပါ သလဲ ခင် ဗျား
ဖြေကြားချက် 3 ခု