အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Aung Chan
Aung Chan 2,876
လွန်ခဲ့သော ၃ နှစ် က · မုံရွာ

ဆရာကြီးများခင်ဗျာ့ ခရမ်းသီးစိုက်ခင်းမှာ သီးလုံးဖောက်ပိုး မနိုင်မနင်းဖြစ်နေပါတယ်ခင်ဗျာ့ ဆေးကလည်း ၃ရက်ခြားတခါဖျန်းပါတယ်ခင်ဗျာ့ အဘာမက်တင်နဲ့ အဆီတာမင်ပရစ်ကို အစက ၂၀စီစီ ဆီထည့်ရာမှ ယခု တောင်သူအများပြောစကားအရ ၄၀-၅၀စီစီ ထိ ပိုမိုသုံးစွဲနေရပါတယ်ခင်ဗျာ့ (တချို့ကလည်း အဆီတာမင်ပရစ်(အဆက်)ကို ဆေးတပုံးလျှင် အိမ်သုံးဆား လက်ဖက်ရည်ပန်းကန်တလုံးစာနှင့်ရောစပ်ပက်ဖျန်းပါက ထိရောက်သည်ဟုလည်းပြောကြသည်(အာနိသင်လျော့မည်ကိုစိုးရိမ်၍ မသုံးဖြစ်သေးပါ)ဝေဖန်လမ်းပြအကြံပြုပေးစေလိုပါတယ်ခင်ဗျာ့) တခြားဆေးများပြောင်းလည်းသုံးစွဲပါသော်လည်း ထူးခြားမှုမရှိဘဲ ချာတိချာလည်ဖြစ်နေပါသဖြင့် ကြံရာမရ အားကိုးတကြီးမေးရပါတယ် အတွေ့အကြုံရှိဆရာကြီးများခင်များ ဆေးနှင့် ဆေးဖျန်းချိန် နည်းစနစ်များ ညွန်ကြားပေးစေလိုပါတယ်ခင်ဗျာ့

ပိုးမွှားရောဂါ ခရမ်းသီး

ဖြေကြားချက် ၁ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,594 လွန်ခဲ့သော ၃ နှစ် က

ဥာဏ်မီသ​လောက်​တော့..အိမ်သုံးဆား ဟာ ပိုးသတ်​ဆေး အာနိသင်ပြယ်​စေပါတယ်။ ​ပေါင်းသတ်​ဆေး အဖြစ် ယူရီးယားနုန်းမြင့်နဲ့ ဖျန်းကြပါတယ်။ ခရမ်းသီးလုံး​ဖောက်ပိုးအတွက်.. အီမာမက်တင်.သို့မဟုတ် အီမာမက်တင်+အဆီတာမီပရစ် (သို့မဟုတ်)အီမာမက်တင်+သိုင်ယာမီသိုဇင်(အီသာပလပ်စ်) ဖျန်းနိုင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။