အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
118
လွန်ခဲ့သော ၃ နှစ် က · သာယာဝတီ

ဆရာတို့ မိုးပြောင်စိုက်နည်းနဲ့ ​မြေသြဇာ သုံးနည်းလေးပြောပြပေးပါ

စိုက်ပျိုးနည်း ပြောင်း ပြောင်းမြေသြဇာကျွေးခြင်း

ဖြေကြားချက် ၃ ခု

118 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးတင်ပါတယ်

754 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူပါ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ နှစ် က

ဖူးစားပြောင်း မိုးရာသီ စိုက်ပျိုးခြင်း စပ်မျိုး(hybrid)များကိုသာ ဝယ်၍ စိုက်ပျိုးကြပါသည်၊ ပြောင်းစိုက်မည့်မြေကို ကောင်းစွာ ထယ်ထိုးထွန်မွှေ၍ပြုပြင်ရပါမည်၊ ဖြစ်နှိုင်လျှင် တစ်ဧက နွားချေးလှည်း၁၀စီး ထည့်၍ပြုပြင်နှိုင်လျှင် သာ၍ကောင်းပါသည်၊ တစ်ကျင်းနှင့်တစ်ကျင်းတစ်ပေအကွာ၊တစ်တန်းနှင့်တစ်တန်း၃ပေအကွာထား၍ စိုက်ကြသည်၊ တစ်ကျင်းလျှင်၃စေ့၄စေ့ထဲ့၍စိုက်သည်၊အပင်ပေါက်လာသောအခါ သန်စွမ်းသော၂ပင်ချန်၍ ပိုသောအပင်နှုတ်ပစ်ရသည်၊ စိုက်သက် ၁၅ရက်သားတွင် ယူရီးယား(ပုလဲ)မြေသြဇာ တစ်ကျင်းလျှင် လ္က္ဘက်စားဇွန်းတစ်ဇွန်း ကို အပင်ခြေနှင့်၃လက္မအကွာမှထဲ့၍ဘောင်ပါးပါးလုံးပေးရသည် ၊ စိုက်သက်တစ်လသားတွင် တစ်ကျင်းလျှင် ပုလဲ ဟင်းခတ်ဇွန်းတစ်ဇွန်းမြေဆီ (ဖော့စဖိတ်)ဟင်းခတ်ဇွန်းတစ်ဇွန်း ဓာတ်ပြာ(ပိုတက်)ဇွန်းဝက် အပင်ခြေမှ ၆လက္မအကွာ(ကျင်း၂ကျင်းကြား)ထဲ့၍ ဘောင်မြင့်မြင့်လုံးပေးရပါသည်။ ၂လတွင်အဖူးထွက်၍၃လတွင်ခူးဆွတ်နှိုင်ပါသည်၊ တစ်ဧက အပင်၂၉၀၄၀ ဝင်ဆံ့ပါသည်၊မြေအလွန်ကောင်းလျှင် တစ်ပင် ၂ဖူးထွက်သော်လည်းအများအားဖြင့်တစ်ပင်တစ်ဖူးသာထွက်ကြပါသည်၊ ပြောင်းပင်၏အပေါ်ပိုင်းမှအပွင့်များသည် ဝတ်ဆံဖိုများဖြစ်ပြီး ပြောင်းဖူးမှ အမြိတ်လေးများသည် ဝတ်ဆံမ၏ဝတ်မှုံခံများဖြစ်ကြသည်အမြိတ်မွှေးတစ်ချောင်းစီသည် ပြောင်းစေ့တစ်စေ့စီနှင့်တွဲလျှက်ရှိသည်၊ပင်တည်းဝတ်မှုန်ကူးသလို၊ပင်ခြားဝတ်မှုံလည်းကူးပါသည်၊ ထို့ကြောင့် မိမိပြောင်းခင်း၏ လေတင်ဘက်တွင် အခြားပြောင်းမျိုးစိုက်ခင်းမရှိစေရပါ၊ရှိခဲ့ပါက ဝတ်မှုံများလာရောက်၍ မျိုးထွန်းပါတတ်ပါသည်၊ ရေမဝပ်ရန် ရေနှုပ်မြောင်းကောင်းကောင်းများလိုပါသည်။ စိုက်ပျိုးရေးနည်းပညာများ Page မှ ကူးယူဖေါ်ပြပါသည် ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။