အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
348
လွန်ခဲ့သော ၃ နှစ် က · ဒိုက်ဦး

ဘဲ ၉၈၀ ဥစမ်းဘဲတွေဥ ၈၀၀ ကျော်အရောက်မှာ ပြန်ကျသွားတာ ၁၀ရက်ကျော်ပြီ ၁၀၀လောက်ပဲဥတော့တယ် ကျောင်းကွင်းမှ ခရုစားရတယ်...

ဘဲ ၉၈၀ ဥစမ်းဘဲတွေဥ ၈၀၀ ကျော်အရောက်မှာ ပြန်ကျသွားတာ ၁၀ရက်ကျော်ပြီ ၁၀၀လောက်ပဲဥတော့တယ် ကျောင်းကွင်းမှ ခရုစားရတယ် အစာကောင်းတယ် ကျန်းမာရေးလည်းကောင်းတယ် နေရာထိုင်ခင်းလည်းကောင်းပါတယ် ဘာဖြစ်တာလို့ သုံးသပ်နိုင်ပါသလဲ ပညာရှင်များဖြေပေးပါခင်ဗျာ

မွေးမြူနည်း ဘဲ

ဖြေကြားချက် ၃ ခု

348 လွန်ခဲ့သော ၃ နှစ် က

ဥနှုန်းပြန်တက်အောင်ဘာဆေးကျွေးရင်အဆင်ပြေနိုင်မလဲခင်ဗျာ

348 လွန်ခဲ့သော ၃ နှစ် က

123 ကမဖြစ်နိုင်ဘူးလို့ယူဆပါတယ် ကျောင်းကွင်းကိုစိတ်ချပါတယ် 4 ကိုတော့ထည့်စဉ်းစားပါတယ် ဒါပေမယ့် ကျန်းမာရေးက ကောင်းပါတယ် အားပြန်ယူနေတာလားမသိပါ

12,778 လွန်ခဲ့သော ၃ နှစ် က

ဘာကြောင့် ဆိုပြီး အဖြေတန်းထုတ်လို့တော့ မရနိုင်ပါ။ (၁) ဒဏ် (stress) ဖြစ်စေတဲ့ ကိစ္စတစ်ခုခု၊ ဥပမာ လန့်သွားတာမျိုး ကြောင့် ဥနှုန်းကျနိုင်ပါတယ်။ (၂) အာဟာရ မလုံလောက်လို့ ဖြစ်နိုင်ပါတယ်။ (၃) အစာ၊ ရေ စတာတွေမှာ အဆိပ်အတောက် သင့်စေတာ တစ်ခုခု ပါဝင်သွားတာမျိုးလည်း စဉ်းစားကြည့်သင့်ပါတယ်။ ဥပမာ လယ်ကွင်းထဲ လွှတ်ကျောင်းချိန်မတိုင်မီမှာ လယ်ကို ပိုးသတ်ဆေးဖြန်းတာမျိးပါ။ (၄) ရုတ်တရက် ဥနှုန်းအများကြီး ထိုးဆင်းသွားရင် ရောဂါတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အထက်က အချက်တွေ ပြန်စစ်ဆေးဖို့လိုပြီး၊ ဘဲတွေရဲ့ ကျန်းမာရေးကို စောင့်ကြည့်ဖို့ လိုမယ်လို့ အကြံပြုပါရစေ။ ဆရာဒေါက်တာသက်ခိုင်ဖြေပေးထားတာလေးပါရှင့်

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။