အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အောင်ရဲကျော်
လွန်ခဲ့သော ၃ နှစ် က · ကဝ

မေးခွင့်ပြုပါခင်ဗျာ ဆရာများနှင့်တကွအတွေ့အကြုံရှိသော စပါးစိုက်တောင်သူများဖြေကြားပေးပါဦးခင်ဗျာ ကျွန်တော်တို့ရွာဘက်တွေမှာရေနူတ်မြောင်းကောင်းစွာမရှိပါဘူးခင်ဗျာ စက်နဲ့ပတ်ထုတ်ပေမဲ့ မိုးရေအရမ်းများနေတော့ ကန်သင်းတွေပါရေကျော်နေတော့မပတ်နိုင်တော့လို့ပါ စပါးတွေကရေအောက်‌မြုပ်နေတော့ရေညှိကပ်ပီးအပင်တွေသေနေတာလည်းတွေ့နေရပါတယ် သမန်းကောင်းပါလျှက်အပင်တွေအရမ်းလည်းကျွတ်ပါတယ် ရေညှိမစွဲအောင်ဘယ်လိုလုပ်ရမလဲခင်ဗျာ ဓါတုဆေးဝါးသုံးရရင်လည်းလမ်းညွှန်ပေးပါဦးခင်ဗျာ,,

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၂ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့်တိမ်ထူထပ်ပြီး မိုးရွာ
စိုက်ပျိုး ရေ စပါး စပါးပင်နှင့်ရေညှိ
Post image
Post image

ဖြေကြားချက် ၅ ခု

အောင်ရဲကျော်
အောင်ရဲကျော် 1,395 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါဆရာကြီးခင်ဗျာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,604 လွန်ခဲ့သော ၃ နှစ် က

လော​လောဆယ် စပါးခင်ထဲမှာ ​ရေညှိတက်တာကို​တော့.​ကော့ပါးဆာလဖိတ် ပက်​ပေးပါ။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,604 လွန်ခဲ့သော ၃ နှစ် က

မြေချဥ်ဆိုရင်တဧက အတွက် မ​ဖောက်ထုံး အနည်းဆုံး ၁၀အိတ်ထည့်ပါ။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,604 လွန်ခဲ့သော ၃ နှစ် က

မြေကြီး pHတိုင်းပါ။ ၅.၀​အောက်​ရောက်​နေရင် ​မြေပြင်စဥ်မှာ..မ​ဖောက်ထုံးထည့်ပါ

အောင်ရဲကျော်
အောင်ရဲကျော် 1,395 လွန်ခဲ့သော ၃ နှစ် က

နားမလည်ဘူးဆရာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။