နှမ်းခင်းထဲမှာ အဲ့လိုပေါင်းပင်တွေ အရမ်းပေါက်နေလို့ ဖော်ကျွန်းဖျန်းရင် သေနိုင်လားဗျ .. ဘယ်လိုဆေးကို ဖျန်းသင့်သ...
နှမ်းခင်းထဲမှာ အဲ့လိုပေါင်းပင်တွေ အရမ်းပေါက်နေလို့ ဖော်ကျွန်းဖျန်းရင် သေနိုင်လားဗျ .. ဘယ်လိုဆေးကို ဖျန်းသင့်သလဲဗျ
နှမ်းခင်းထဲမှာ အဲ့လိုပေါင်းပင်တွေ အရမ်းပေါက်နေလို့ ဖော်ကျွန်းဖျန်းရင် သေနိုင်လားဗျ .. ဘယ်လိုဆေးကို ဖျန်းသင့်သလဲဗျ
မက်ဂါမန်းနီးဖျန်း
မြက်ပဲသေပါတယ်ပေါင်းမသေပါ
ဖော်ကျွန်း ပေါင်းသတ်ဆေး က နှမ်း/ပဲတီ /ငရုပ် စသဖြင့် ရွက်ဝိုင်း ရွက်ကြော ကွန်ယက် စိုက်ခင်း တွေ မှာ မြက်အုပ်စု ရွက်ချွန်း မြက်မျိုးရင်ဝင်သေတာပါ။ ပြထားသော ပေါင်းတော့/ရွက်ဝိုင်းပေါင်း မသေပါ ဗျာ //
ပေါင်းမျိုးစုံ သေနိုင်လားဗျ ဗိုင်ရွန်က
ဗိုင်ရွန်က ပေါင်းသတ်ဆေးဘဲလေ.. ဆိုင်သမားက သေချာရှင်းပြလိမ့်မယ်..လို့။ ရမ်းဖျန်းလို့မရလို့..
ပေါင်းသတ်ဆေး ဖျန်းလို့ မရဘူးလား ဆရာ
နှမ်းပင်၂၅ရက်သားကျော်ရင် ဗိုင်ရွန် ဖျန်းပါ။ ပေါင်းသေတယ်၊နှမ်းပင်အရွက်နည်းနည်းထိတယ်။ ဇပတ်လောက်ဆို ့ြန်ကောင်းလာလိမ့်မယ်။ ဆန္ဒမွန် ဆိုင်မှာ ဆွေးနွေးပါ
နှမ်းပင်ထိပါတယ်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နှမ်းသီးရှဥ်းဝင်ချိန် ပေါင်းရှင်းပေးခြင်းက နောက်ကျပြီးမှရင့်မှည့်ပါသလားခင်မျ။ ပိုပြီးတော့ရော သီးစေသလားခင်မျ။
ဖြေကြားချက် 2 ခု
နှမ်းပင်ကြာထဲပေါင်ကိုဘာဆေးြဖန်းလိုနိုင်လည်ခဗျာ
ဖြေကြားချက် 1 ခု
မင်္ဂလာပါရှင့် အခုပဲကြီး ရိတ်သိမ်းချိန်ပီး ပေါင်းပင်ဆူးပင်များကို မျိုးပြုတ်အောင် ဘယ်လိုဆောင်ရွက်သင့်လဲ ညွှန်...
ဖြေကြားချက် 3 ခု
နှမ်းစိုက်ခင်းထဲ မတ်ပဲပေါင်းပင်းတွေ ဘာဆေးနဲ့သတ်လို့ အဆင်ပြေမလဲ။ ပြောပြပေးပါဦး
ဖြေကြားချက် 2 ခု
Quizalofop p ethyl 10ec ကိုနှမ်းမစိုက်ခင်အကွက်ထဲကျန်တဲ့ရွက်ချွန်းတွေဖျန်းလို့ရလားဆရာ ဖျန်းပြီးနှမ်းပြန်စိုက်...
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။