အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
121
လွန်ခဲ့သော ၃ နှစ် က · ဖြူး

စပါးကို ကြဲသားခင်း ကြဲကြသော တောင်သူလယ်သမား အပေါင်းတို့ ခင်များ ။ ကြဲသားခင်းသည် ပေါင်းမြက်အမျိုးမျိုး ပေါက်လို့...

စပါးကို ကြဲသားခင်း ကြဲကြသော တောင်သူလယ်သမား အပေါင်းတို့ ခင်များ ။ ကြဲသားခင်းသည် ပေါင်းမြက်အမျိုးမျိုး ပေါက်လို့ ဆေးအမျိုးမျိုးဖျန်းပြီး နှိမ်နင်း ကြပါတယ်။ စပါးတွေနာတဲ့အထိ ပေါင်းသတ်ဆေးဖျန်းကြသော်လည်း တချို့ပေါင်းမြက်တွေမှာ မသေကြပါဘူး။ အခုဆေးတစ်မျိုးပေါ်နေတာ သိတဲ့သူတွေလဲသိကြမှာပါ (ပေါင်းအုပ်ဆေး) 👉သန္ဓေတားဆေး👈လို့လဲခေါ်ကြပါတယ်။ အသုံးပြုပုံ.......👇 စပါးကြဲခင်းကြဲပြီး( ၇ရက်) အတောအတွင်းပက်ဖျန်းပေးရပါတယ်။ မြက်ဆိုးတော်တော်များများ နှိမ်နင်းနိုင်ပါတယ်ခင်များ။ မှတ်ချက်။ ။ ပညာရှင်မဟုတ်သလို ဆေးရောင်းသူလဲမဟုတ်ရပါဘူးခင်များ။ တောင်သူလယ်သမားအချင်းချင်း ကြီးပွားတိုးတက်စေခြင်းသာဖြစ်ပါသည်။ (ပေါင်းအုပ်ဆေး(ဝါ) သန္ဓေတားဆေး)ဆေးဆိုင်တွေမှာမေးဝယ်ပါခင်မျာ။ တောင်သူအားလုံးစိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်ကြပါစေခင်များ။

စိုက်ပျိုးနည်း စပါး စပါးပေါင်းသတ်ဆေးများ

ဖြေကြားချက် ၃ ခု

1,240 လွန်ခဲ့သော ၃ နှစ် က

ယခုစပါးခင်းထဲမှာ ပေါင်းမြက်များစွာရှိပြီး ရွေးချယ်ဖျန်းသော်လည်း တချို့ပေါင်းမြက်တေကမသေလို့နေ့စားလုပ်သားများသုံးကာ လက်ပေါင်းလိုက်နေရတယ်ဗျာ တစ်ဧကကို80000ဝန်းကျင်လောက်အထိကုန်ကျစရိတ်ပိုခဲ့တယ် ခုလိုနည်းလမ်းအကြံပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်🙏🙏🙏

117 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ နှစ် က

အခုလို လက်​တွေ့ အ​တွေ့အကြုံ​လေး​တွေကို မျှ​ဝေ​ပေးတဲ့အတွက် ​တောင်သူများကိုယ်စား ​ကျေးဇူးပါခင်ဗျာ။ ​နောင်လည်း..အခုလို အ​တွေ့အကြုံ​လေး​တွေ မျှ​ဝေ​ပေးပါခင်ဗျာ..

You

ဆက်စပ်မေးခွန်းများ

လေးစားရပါသော စိုက်ပျိုးရေးပညာရှင်ဆရာကြီးများခင်ဗျာ🙏🙏 ဒီပေါင်းမြက်ကို နှိမ်နှင်းလို့ရမဲ့ ဆေး Aiအမျိုးအစား သိ...

ဖြေကြားချက် 2 ခု

ဆရာခဗျ ကန်စွန်းပင်ကို 24Dဖြန်းရင်အမြစ်ပါသေစေနိုင်လား။အပင်ပဲသေတာလား သိချင်ပါတယ်။ကျေးဇူးပါ။

ဖြေကြားချက် 2 ခု

စပါးကျဲခင်းထဲမှာရွှေးချယ်ပေါင်းသတ်ဆေးဖျန်ထားတာသုံးပုံမှာနှစ်ပုံလောက်ကသေပြီးတစ်ပုံလောက်ကတော့ရှင်နေသေးတယ်စပါးပင်...

ဖြေကြားချက် 1 ခု

စပါးအခြောက်ကျဲခင်းထဲမှာဒီပေါင်းမြက်တွေအများကြီးပဲဆရာသမားတို့ရေမဆွတ်ပင်တွေလည်းရှိတယ်အဲဒါဘာစပါးရွှေးချယ်ပေါင်း...

ဖြေကြားချက် 1 ခု

ဒါကမြက်မှုံညင်းလားဆရာသမားတို့

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။