အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
1,137
လွန်ခဲ့သော ၃ နှစ် က · ရွှေဘို

၃ဧက ခန့်ကျယ်တဲ့ သရက်ခြံဟောင်းရှိပါတယ် သရက်ပင်အနည်းငယ်ရှိပြီး အပင်တွေက အိုနေပါပြီ။ ဒီမြေနေရာမှာ မွေးမြူရေး တ...

၃ဧက ခန့်ကျယ်တဲ့ သရက်ခြံဟောင်းရှိပါတယ် သရက်ပင်အနည်းငယ်ရှိပြီး အပင်တွေက အိုနေပါပြီ။ ဒီမြေနေရာမှာ မွေးမြူရေး တပိုင်တနိုင်လုပ်ချင်ပါတယ်။ ဘာအတွေ့အကြုံမှ မရှိပါဘူး။ ဘာမွေးသင့်ပြီး ဘယ်ကစရမလဲ သိချင်ပါတယ်ဗျာ။ကျေးဇူးပါ။(ရွေးမှ မေးခွန်းတင်လို့ ရတာမို့ ဝက် ကိုရွေးလိုက်ရပါတယ်)

ခြံစီမံခန့်ခွဲမှု ဝက်

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,120 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

ကျ​နော့ အမြင်အရ​ပြောရရင်.. နို့စားနွား​မွေးတာ ကြိုက်ပါတယ်။ အချို့သရက်ပင်​တွေကို ရှင်းပစ်မယ်။ (သရက်​စျေးကွက်မ​ကောင်းလိူ့) ​နေဗီယာမြက်​တွေစိုက်မယ်။ နွား​မွေးခြံကို စနစ်တကျ​ဆောက်မယ်။ ​ရွှေဘိုမြို့လို ​ရေ​မြောင်းမကြီးနဲ့ နီးတဲ့​နေရာမို့..သန့်ရှင်း​ရေးပြုလုပ်ရလွယ်မယ်။ စွန့်ပစ်ပစ္စည်း​တွေကို စနစ်တကျသို​လှောင်မယ်။ အီးအမ် ဘိုကာရှီ လုပ်ပြီး စိုက်ပျိုး​ရေးလုပ်ငန်းမှာ အသုံးချမယ်။ အသားတိုးနွား​မွေးမယ်(နွား​စျေးလည်း​ကောင်း​တယ်/ရှားလည်းရှားတယ်)

1,137 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါဗျ အပေါ်မှာမေးထားသလိုပဲ ဘာအတွေ့အကြုံမှ မရှိတာ ဘယ်ကစရမှန်း မသိတာ စတဲ့ အခက်အခဲတွေလဲ ရှိပါတယ် အရင်ဆုံး သေချာလေး လေ့လာချင်လို့ လမ်းညွှန်ပေးကြပါအုံးဗျ

အတည်ပြုပြီး 161,188 လွန်ခဲ့သော ၃ နှစ် က

ကြက်၊ဝက်၊ဘဲ၊ငါး စသဖြင့် မွေးလို့ရပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။