အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
651
လွန်ခဲ့သော ၃ နှစ် က · အင်္ဂပူ

စပါးပင်တွေက ရွေ့ပြောင်းစိုက်ပျိုးတာ ခုနေ့ဆို 15ရက်ကျော်ပါပြီ မြေဩဇာမကျွေးရသေးပါဘူး 15ရက်ကျော်မှာ မိုးမရွာတာက 1...

စပါးပင်တွေက ရွေ့ပြောင်းစိုက်ပျိုးတာ ခုနေ့ဆို 15ရက်ကျော်ပါပြီ မြေဩဇာမကျွေးရသေးပါဘူး 15ရက်ကျော်မှာ မိုးမရွာတာက 12လောက်ရှိပါတယ်ခမျ စပါးခင်းအကုန် ထိပ်တွေ ပုံထဲကလိုဖြစ်နေလို့ပါ ရေငတ်တာလား ရောဂါကျတာလား ဆရာတို့ခမျ ဘယ်လိုလုပ်ရမလဲ အကြံပေးကြပါဉီး

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့်တိမ်ထူထပ်ပြီး မိုးဖွဲဖွဲရွာ
အပင်အာဟာရ စပါး စပါးပင်နှင့်အာဟာရ
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

ရေစပ်စပ်ထားပြီး ဂျစ်ဆန်နဲ့.ကွန်​ပေါင်း​မြေသြဇာ ​ကျွေးသင့်ပါပြီ။ အမြစ်နာ​နေတာ(​ရေငတ်ကြာတာလဲဖြစ်နိုင်) အမြစ်သစ်ထွက်ဖို့လိုပါတယ်

651 လွန်ခဲ့သော ၃ နှစ် က

ဂျစ်ပဆန်နဲ့ ပုလဲသက်သက်နဲ့ရောပက်ရင်ရော ရလားခမျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆရာခဗျ စပါးအေခြာက်ကျဲခင်း၂လခွဲသားပါ။ပုံပါတိုင်းရွက်ဖျားလေးတွေနဲနဲစဝါလာပါတယ်။ တချို့နေရာတွေမှာလဲရွက်လိပ်လေးတွေ...

ဖြေကြားချက် 2 ခု

ကယ်လ်စီယမ်နိုက်ထရိတ်နဲ့ ကယ်လ်စီယမ်အမိုးနီးယားနီးယားနိုက်ထရိတ်အကြောင်းရှင်းပြပါဦး၊ စပါးသီးနှံမှာ ဘယ်လိုအချိန်...

ဖြေကြားချက် 1 ခု

စပါးပင်အဟာရမြေခံအတွက်ကြဲပြီးဘယ်နှစ်ရက်ကစလို့ကြွေးရမလဲဆရာတို့ /ပညာရှင်တို့ခင်ဗျာ ကျတော်ကတော့တပတ် ဆယ်ရက်သားလောက်...

ဖြေကြားချက် 4 ခု

စပါး သက်တမ်း ၁၃၅ ရက်ရှိတဲ့မျိုး၊ ၄၂ ရက်သား​ရောက်ပြီ၊​​ပေါင်းသတ်​ဆေးဖျန်းထားတာ ၅ ရက်ရှိပြီ။(ပါးကျဲကျဲဖြစ်တဲ့ ​...

ဖြေကြားချက် 4 ခု

စပါးဖုံးတုံးလုံးတုံးအချိန်မှာ ဘယ်လိုဓါတ်မြေဩဇာတွေကိုကျွေးရမလဲခင်မျာ့ ကျွေးလို့ရောရသေးလားသိချင်ပါတယ်

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။