အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
118
လွန်ခဲ့သော ၃ နှစ် က · ပဲခူး

နိုင်ငံတော်က အရန်ထားတဲ့ အရန်ဆန်အကြောင်းလေးသိချင်လို့ပါ.. တစ်နှစ်တန်ချိန်ဘယ်လောက်ထားလဲ ဘယ်လို ဘယ်လိုစုဆောင်းလဲ...

နိုင်ငံတော်က အရန်ထားတဲ့ အရန်ဆန်အကြောင်းလေးသိချင်လို့ပါ.. တစ်နှစ်တန်ချိန်ဘယ်လောက်ထားလဲ ဘယ်လို ဘယ်လိုစုဆောင်းလဲဆိုတာလေးတွေ

စိုက်ပျိုးစီးပွား စပါး စပါးဈေးကွက် အချိတ်အဆက်

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၃ နှစ် က

နိုင်ငံ​တော်ရဲ့ ထိပ်ပိုင်း အ​ရေးကြီးသတင်း​တွေ ကို တိတိကျကျသိဖို့ခက်ပါတယ်။ ၂၀၂၀ ကိုဗစ်ကာလ သတင်း​တွေအရ, နိုင်ငံ​တော်အရံဆန် တန်ချိန် ၅၀၀၀ သတ်မှတ်ပြီး၊၄၀၀၀ ဝယ်ထားတယ်လို့ သိရပါတယ်။ ၂၀၂၃ ခုနှစ်အတွက် ခုမှ ဝယ်ဖို့ ​စျေးနုန်းနဲ့ ပမာဏ ညှိနိုင်းဆဲလို့ ဆန်ကုန်သည်ကြီးများအသင်း သတင်းအရ ကြားသိရပါတယ်။ သတင်းသမားမဟုတ်လို့ အရပ်​ပြောအ​နေနဲ့ သိသ​လောက်​ပြောပြတာပါ။

1,393 လွန်ခဲ့သော ၃ နှစ် က

နိုင်ငံခြားကိုတင်ပို့တဲ့ဆန် (နိုင်ငံကထွက်သွားတဲ့ဆန်) ရဲ့ ရာခိုင်နှုန်းဘယ်လောက်ကို နိုင်ငံတော်အရန်ဆန်အဖြစ် မဖြစ်မနေပေးသွင်းရမယ်လို့ ပို့ကုန်သမားတွေကို သတ်မှတ်ပေးသွင်းစေပြီး အရန်ဆန်ထားတာပါ။ ဆိုတော့ ရာခိုင်နှုန်း ဘယ်လောက် ဈေးနှုန်းဘယ်လောက်ဆိုတာကတော့ သတ်မှတ်တဲ့ပေါ်ပဲ မူတည်ပါလိမ့်မယ်။ ပို့ကုန်သမားတွေအနေတဲ့ မဖြစ်မနေ ပေးသွင်းဖို့ ဥပဒေအရ ထိန်းချုပ်ထားတဲ့ပုံစံမျိုးပါ။ ပို့ကုန်ဘယ်လောက်ထိ တင်ပို့ခွင့်ပြုမယ်ဆိုတာကိုတော့ ပြည်တွင်းစားသုံးမှုပိုလျှံနိုင်မှု ဘယ်လောက်ရှိသလဲဆိုတဲ့အပေါ် နှစ်စဉ်သတ်မှတ်တဲ့ပုံစံမျိုးပါ။ အရန်ဆန်သတ်မှတ်ပမာဏ ပြည့်အောင်တော့ ဝယ်တာမျိုးရှိပါတယ်။ အဲ့ဒီ သတ်မှတ်ပမာဏပြည့်သွားရင်တော့ ထပ်မဝယ်တော့ပါ။ (အတိအကျ အသေးစိတ်တော့မသိပါ။ သိသလောက် ပြောပြခြင်းဖြစ်လို့ အမှားအယွင်းအနည်းငယ်တော့ ရှိနိုင်ပါတယ်။ တခြား ပိုနားလည်သူရှိရင် ထောက်ပြနိုင်ပါတယ်)

1,393 လွန်ခဲ့သော ၃ နှစ် က
You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။